DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့၌ WY ဆေးပြားများ သယ်ဆောင်လာသူ ၁ ဦး ဖမ်းမိ
DVB
·
April 19, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၅/၀ အနီးမှာ ဧပြီ ၁၈ ရက် နေ့လယ်က WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

သတင်းအရ မူးယစ်တပ်ဖွဲ့စု-၃၆ မှ ရဲအုပ်လင်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျောက်တံခါးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်လှမြင့်ဦးနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အသိသက်သေတွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စောင့်ဆိုင်းနေစဉ် တောင်ငူဘက်မှ ရန်ကုန်ဘက်ကို အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်ကျေးရွာ  နေသူ ယာဉ်မောင်း သူရအောင် မောင်းနှင်လာတဲ့ နစ်ဆန်းကားတစ်စီးကို ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း သူရအောင်  လွယ်ထားတဲ့ အညိုရောင် လက်ဆွဲအိတ်အတွင်းက အဝါရောင်တိပ်နဲ့ ပတ်ထားတဲ့ အထုပ် ၃ ထုပ်ကို တွေ့ရှိရပါတယ်။

သက်သေတွေရှေ့မှာ ဖောက်ဖွင့်စစ်ဆေးရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ်ငယ် ၂၇၀ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၂၇၀ ဖိုးခန့် ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးမှုကို တွေ့မြင်ခဲ့တဲ့ ဒေသခံတဦးက“ကျနော်တို့ရှေ့လေးတင် ဖမ်းတာဗျ။ ဖမ်းမိတာက မြို့လယ်ကောင်မှာ နေ့လယ်ခင်းကြီး ဖမ်းမိတာ။ ကားမှာကလည်း ဘုန်းကြီးကျောင်းတံဆိပ်ကြီးနဲ့ ဖမ်းမိတဲ့နေရာကနေ ရဲစခန်းကို ခေါ်သွားကြတယ်။ ကားမောင်းတဲ့ ကောင်လေး လွယ်ထားတဲ့ အိတ်ထဲက အထုပ်တွေ မိတာ” လို့ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိသူ သူရအောင်ကို ကျောက်တံခါးမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/၁၉(က)နဲ့  အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး ကွင်းဆက်တရားခံတွေကို ရဲက ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013