DVB Logo
Home
မြန်မာသတင်း
နွေစပါးရိတ်ရန် ရိတ်သိမ်းခြွေလှေ့စက်လိုအပ်ပါက အကူညီတောင်းခံနိုင်
DVB
·
April 19, 2017
နွေစပါးရိတ်ရန် ရိတ်သိမ်းခြွေလှေ့စက်လိုအပ်ပါက အကူညီတောင်းခံနိုင်
Donate to DVB

မုန်တိုင်းဒဏ်ကြောင့် မိုးရွာသွန်းမှုဒဏ်ကို ခံခဲ့ရတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက နွေစပါးခင်းတွေ ရိတ်သိမ်းရာမှာ ရိတ်သိမ်းခြွေလှ့စက်တွေလိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးတွေမှာ အကူအညီ တောင်းခံနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

မရိတ်သိမ်းရသေးတဲ့ စိုက်ခင်းတွေ ရေမနစ်မြုပ်စေဖို့ ရေနုတ်မြောင်းတွေ ကြိုတင်လုပ်ဆောင်ကြဖို့နဲ့ ရိတ်သိမ်းပြီးတဲ့ စပါးတွေကို အမိုးအကာအောက် အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဧပြီ ၁၆ ရက်က ရခိုင်ပြည်နယ်ကို  ဖြတ်ကျော်ဝင်ရောက်လာတဲ့ မာရသာ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကယားနဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းခဲ့ပါတယ်။

ဒီကနေ့နဲ့ နောက်နှစ်ရက်အတွင်းမှာလည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကခန့်မှန်းထားပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013