DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 18, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရွှေသခွားမွှေးသီး

မူဆယ်ကုန်စည်ဒိုင်မှာ ရွှေသခွားမွှေးသီးက တတန်ကို ငွေကျပ် သုံးသောင်းရှစ်ထောင်ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တတန်ကို ငါးသိန်းခုနစ်သောင်းခြောက်ထောင်မှ ဆယ့်တသိန်းငါးသောင်းနှစ်ထောင် ပေါက်ဈေးရှိပါတယ်။

ဖရဲသီး ၈၅၅

ဖရဲသီး ၈၅၅ က ဒီနေ့မှာ တတန်ကို ငါးသောင်းခုနှစ်ထောင် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တတန်ကို သုံးသိန်းလေးသောင်းငါးထောင်ကနေ လေးသိန်းကိုးသောင်းကိုးထောင် ပေါက်ဈေးရှိပါတယ်။ သင်္ကြန် နှစ်သစ်ကူးပိတ်ရက်ဖြစ်တဲ့အတွက် ကားအဝင်နည်းပြီး ဈေးတွေတက်နေပါတယ်။

စိန်တလုံး

စိန်တလုံးသရက်သီးကတော့ တဖာကို တသောင်းကိုးထောင့်နှစ်ရာကနေ နှစ်သောင်းရှစ်ထောင့်ရှစ်ရာ ပေါက်ဈေးရှိနေပါတယ်။

ပဲစင်းငုံ

ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ကုန်စည်ဒိုင်စဖွင့်တဲ့နေ့မှာ တတန်ကို ငွေကျပ် နှစ်သောင်းနှစ်ထောင် ဈေးတက်နေပြီး ဒီနေ့ပေါက်ဈေးက တတန်ကို ခုနှစ်သိန်းခြောက်သောင်းငါးထောင် ပေါက်ဈေး ရှိနေပါတယ်။

မတ်ပဲ

မတ်ပဲက ဆယ်သိန်းခုနှစ်သောင်းရှစ်ထောင် ပေါက်ဈေးရှိနေပြီး ငွေကျပ် တထောင် ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ တပိဿာကို နှစ်ထောင်ကနေ ငါးထောင့်ရှစ်ရာ ပေါက်ဈေးရှိနေပြီး တပိဿာကို ငွေကျပ် ၂၀၀ ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီနေ့မှာ တပိဿာကို ငွေကျပ် ၆၀၀ ကနေ တထောင့်တရာခုနှစ်ဆယ့်ငါးကျပ် ပေါက်ဈေးရှိနေပါတယ်။

အာလူး

အာလူးကတော့ တပိဿာကို ငွေကျပ် လေးရာ့ငါးဆယ်ကနေ ခုနစ်ရာ့ခုနစ်ဆယ် ပေါက်ဈေးရှိနေပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013