DVB Logo
Home
မြန်မာသတင်း
မိုင်းဖြတ်တွင် ခရီးသည်ယာဉ် ချောက်ထဲထိုးကျ၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
April 18, 2017
Donate to DVB

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်မှာ ဧပြီ ၁၇ ရက် ည ၈ နာရီလောက်က  ခရီးသည် ၄ ဦး တင်ဆောင်လာတဲ့ ယာဉ် ၁ စီး အရှိန်လွန်ပြီး ချောက်ထဲ ထိုးကျတိမ်းမှောက်သွားလို့ လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ ဦး သေဆုံးသွားပါတယ်။

ယာဉ်မောင်း စိုင်းဆိုင်ခမ်း မောင်းနှင်လာတဲ့ စူပါကာစတန်အမျိုးအစား လွိုင်နမ့်ခုန်းယာဉ်ဟာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့အသွား ဆိုင်းလေကျေးရွာနဲ့  ဆွပ်ပလောင်းကျေးရွာကြားရှိ မိုင်တိုင်အမှတ် (၇၀၁/၇၀၂)အရောက်မှာ  ပေ ၅၀ လောက်ရှိတဲ့ ချောက်ထဲကို အရှိန်မထိန်းနိင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို စစ်တပ်၊ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  လူမှုကူညီရေး အသင်းအဖွဲ့တွေက လာရောက်  ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ရပြီး  ယာဉ်မတော်မဆဖြစ်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား ၃ ဦး၊ မ ၁ ဦးအနက်မှာ  ဒေါ်နန်းဆာ (၅၇-နှစ်) ဟာ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်း စိုင်းဆိုင်ခမ်းကို  မိုင်းဖြတ်မြို့မရဲစခန်းက  ရာဇသက်ကြီးပုဒ်မ - ၂၇၉/၃၃၇/၃၀၄ က အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ- အောင်လေး(မိုင်းဖြတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013