DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့၌ သင်္ကြန်တွင်း လူ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိ
DVB
·
April 18, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ  အခုနှစ် မဟာသင်္ကြန်ကာလအတွင်းမှာ  သေဆုံးသူမရှိဘဲ  ထိခိုက်ဒဏ်ရာရသူ ၃၆ ဦးရှိပြီး အမှုဖွင့်တိုင်ကြားခံရသူ ၁ ဦးသာရှိတယ်လို့ မြင်းခြံ ပြည်သူ့ဆေးရုံက သိရပါတယ်။

သင်္ကြန်ကာလ ၄ ရက်အတွင်းမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာရရှိပြီး မြင်းခြံ ပြည်သူ့ဆေးရုံကို ရောက်ရှိတဲ့  လူနာ ၃၆ ဦး ရှိတယ်လို့ မြင်းခြံပြည်သူ့ဆေးရုံ အရေးပေါ်လူနာ လက်ခံရာဌာနမှ တာဝန်ရှိ ဆရာမတဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

“သင်္ကြန်ကာလမှာ ဆေးရုံကို အရေးပေါ် လူနာ နေ့စဉ် ရောက်လာပါတယ်။ ဆိုင်ကယ်စီးပြီး လည်ကြတာဆိုတော့ ထိခိုက်ပွန်းပဲ့ ဒဏ်ရာ ရရှိသူတွေ များပါတယ်။ အသေအပျောက်တော့ မရှိပါဘူး။ အများအားဖြင့်တော့ အရက်သေစာ သောက်စားပြီး မူးကြလို့ ဖြစ်ကြတာပါ”လို့ မြင်းခြံဆေးရုံမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မဟာသင်္ကြန်ကာလအတွင်းမှာ မြင်းခြံမြို့နယ်မှ ရဲတပ်ဖွဲ့အင်အား ၅၀ လုံခြုံရေးချထားခဲ့ပြီး အမှတ် (၉၅) ယာဉ်ထိန်းရဲတပ်ဖွဲ့တွေနဲ့ မြင်းခြံမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပရဟိတအသင်းအဖွဲ့တွေကလည်း နေ့ရောညပါ တာဝန်ယူ ကင်းလှည့်လည် စစ်ဆေးကာ လုံခြုံရေး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

မြင်းခြံမြို့မရဲစခန်း မှာတော့ သင်္ကြန်ကာလမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတာ အမှု (၁)မှုသာရှိပြီး မနှစ်ကထက်စာရင် ဒီနှစ်သင်္ကြန်ဟာ အမှုအခင်း ဖြစ်ပွားတာ သိသိသာသာလျော့နည်းပြီး အသေအပျောက် လုံးဝမရှိဘူးလို့ မြင်းခြံ မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

သင်္ကြန်ကာလအတွင်းမှာ တောပုကျေးရွာနေ ကိုကျော်ကျော်ဝင်း အသက် (၂၆) နှစ်ကို လက်နက်ဥပဒေပုဒ်မ ၁၉(င) နဲ့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013