DVB Logo
Home
မြန်မာသတင်း
တရားဟောစင်မြင့်ပေါ် ထီးဖြူတက်တင်သူ ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
April 18, 2017
Donate to DVB

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမဘေးရှိ မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်မှာ ဧပြီ ၁၈ ရက် မနက်က တရားပွဲပြုလုပ်ဖို့ တရားဟောစင်မြင့်ပေါ် ထီးဖြူတက်တင်ရာကနေ လူ ၁ ဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

တရားပွဲကျင်းပဖို့အတွက် တရားဟောစင်မြင့်နောက်ရှိ လိုက်ကာပေါ်ကို ထီးဖြူတက်တင်ရာက စွယ်တော်ပိုင်း၊ မိုးနိုင်းရပ်ကွက်နေသူ ဦးထွန်းစိန် (၆၇ နှစ်) ဟာ ထီးဖြူအမိုးကိုင်းနဲ့ ဓာတ်ကြိုး တိုက်မိပြီး ဓာတ်လိုက်ပြုတ်ကျကာ သေဆုံးခဲ့တာပါ။

ဦးထွန်းစိန်ဟာ ပြင်ပဒဏ်ရာ တစုံတရာ မရှိဘဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပေါင်မြို့မရဲစခန်း ဒု-ရဲအုပ် အောင်မိုးကျော်က ပြောပါတယ်။

ဓာတ်လိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၇) နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ရဲစခန်းကနေသိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013