DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန်အတွင်း ဒုလ္လဘ ရဟန်းတပါး ရေနစ်ပျံလွန်
DVB
·
April 18, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာတောင်ကန် ရေလယ်ဘုရားအနီး ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက  ဒုလ္လဘ ရဟန်း ဥူးဇန (လူအမည် သန်းဇော်မြင့် (ခ) မောင်ငယ်) ရေနစ်ပြီး ပျံလွန်သွားပါတယ်။

မိတ္ထီလာ မြို့မရဲစခန်းမှ တာဝန်ကျအရာရှိ ဒု-ရဲအုပ်အောင်သူဟိန်းက “ပြင်ပဒဏ်ရာ မတွေ့ရဘူး။ ညောင်လွန့်ဘုန်းကြီးကျောင်း ပေါက်ချောင်းတိုးချဲ့ရိပ်သာမှာ သင်္ကြန်တွင်း ဒုလ္လဘရဟန်း ဝတ်တာပေါ့။ ဧပြီ ၁၆ ရက်ကတည်းက ရိပ်သာက ပျောက်သွားတာလို့ သိရတယ်။ ဒီနေ့ တောင်ဘက်ကန်ထဲမှာ အလောင်းတလောင်း ပေါ်တယ်ဆိုတော့ သန်းဇော်မြင့် ဖြစ်နေတယ်” လို့ ပြောပါတယ်။

“လူဝတ်နဲ့တုန်းက အရက်တအားသောက်တယ်။ အရက်ကြောင်သွားတာ ဖြစ်မယ်ထင်တယ်” လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ဒီအမှုကိစ္စနဲ့ပတ်သက်လို့ မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013