DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် နှစ်ဆန်း ၁ ရက်နေ့ ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ကန်တော့ပွဲ ပြုလုပ်
DVB
·
April 17, 2017
Donate to DVB

ကော့သောင်းမြို့မှာ မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ ဇီဝိတဒါနငါးလွှတ်ပွဲနဲ့ သက်ကြီးပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ငါးလွှတ်ပွဲကို ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားမှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ကော့သောင်းခရိုင်/မြို့နယ် တာဝန်ရှိသူတွေနဲ့ အသင်းအဖွဲ့တွေ  တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနား လာရောက်သူတွေက ရေငန်ငါးတွေဖြစ်ကြတဲ့ ကျောက်ငါး၊ ကကတစ်ငါး၊ ကကပေါင်းငါးနဲ့ ကဏန်းတွေကို အသီးသီး ဇီဝိတ ဒါနအဖြစ် ကုသိုလ်ယူ ပင်လယ်အတွင်း ဘေးမဲ့ လွှတ်ပေးကြပါတယ်။

ဒါ့အပြင် မြန်မာ့နှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်ဒါနအဖြစ် သက်ကြီးဘိုးဘွားတွေ ပူဇော် ကန်တော့ပွဲကို ပြည်တော်အေး သာသနာ့ဗိမာန်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လွှတ်တော်အမတ်တွေ၊ ခရိုင်တာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတွေက သက်ကြီးဘိုးဘွား ၁၃၈ ဦးကို အလှူငွေနဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းတွေကလည်း သက်ကြီးဘိုးဘွားတွေကို ကျန်းမာရေးစစ်ဆေးပြုစုစောင့်ရှောက်မှု ဒါနပြုခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ - လတ်ကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013