DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်တွင် ခါးပိုက်နှိုက် ၁၀၀ ခန့် ဖမ်းဆီးမိ
DVB
·
April 17, 2017
Donate to DVB

ရန်ကုန်မှာ သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်တွင်း ခါးပိုက်နှိုက် ၁၀၀ လောက် ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သင်္ကြန်မှာ ရေကစားတဲ့သူတွေ စိတ်အေးလက်အေးကစားနိုင်ဖို့ တိုင်းရဲတပ်ဖွဲ့က သင်္ကြန်မတိုင်မီကတည်းက စွန်ရဲ စီမံချက်နဲ့ ခါးပိုက်နှိုက်တွေကို ဖမ်းခဲ့တာဖြစ်ပြီး သင်္ကြန်မတိုင်မီ  ခါးပိုက်နှိုက်မှု ၅၂ မှု၊ သင်္ကြန်ပွဲတော်ကာလ အကြတ်နေ့အထိ ခါးပိုက်နှိုက်မှု ၃၂ မှု၊ စုစုပေါင်း ၈၄ မှု တရားခံ ၉၈ ဦးတို့အား ဖမ်းဆီးအရေးယူထားတာ ဖြစ်ပါတယ်။

ခါးပိုက်နှိုက်အများစုဟာ ရန်ကုန်က နာမည်ကြီး သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ ရေကစားနေသူတွေထံကနေ ပိုက်ဆံနဲ့ ဟန်းဖုန်းတို့ကို အဓိကထား နှိုက်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားဝတ်စုံနဲ့ ပရိသတ်ထဲ အသွင်ယူပြီး ခါးပိုက်နှိုက်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ ခါးပိုက်နှိုက်တွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013