DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းပြီးနောက် သံတွဲမြို့အခြေအနေ မြင်ကွင်း (သတင်းဓာတ်ပုံ)
DVB
·
April 17, 2017
Donate to DVB

ဒီနှစ်အတွက် ပထမဆုံး မုန်တိုင်းဖြစ်တဲ့ မာရသာ မုန်တိုင်း အနီးဆုံးဖြတ်ကျော်ခဲ့တဲ့ သံတွဲမြို့မှာတော့ အားလုံး အေးအေးဆေးဆေး သွားလာနေကြပါတယ်။

မုန်တိုင်းကြောင့် လေပြင်းပြင်းတိုက်တာနဲ့ မိုးရွာတာပဲ ရှိခဲ့ပြီး ထိခိုက်ပျက်စီးတာ သိပ်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က တနေကုန် ပြတ်တောက်ခဲ့တဲ့လျှပ်စစ်မီးလည်း ပြန်လာနေပြီလို့ ဆိုပါတယ်။

တချို့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ သွားနေကျအတိုင်း ငပလီကမ်းခြေကို အပန်းဖြေ သွားရောက်နေကြပြီလည်း ဖြစ်ပါတယ်။

ကမ်းခြေဘက်မှာတော့ အပင်တွေ ပြိုလဲတာ၊ ယာယီဆိုင်ခန်းတချို့ ပျက်စီးတာတွေ ရှိပါတယ်။

သံတွဲဒေသခံတွေကတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်သမျှ မုန်တိုင်းတွေကြောင့် လေတိုက်တာနဲ့ မိုးရွာတာပဲ ကြုံကြရသလို တောင်တွေကြားထဲမှာ ရှိနေလို့ မုန်တိုင်း မဝင်နိုင်ဘူးလို့လည်း ယုံကြည်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အေးရည်မွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013