DVB Logo
Home
မြန်မာသတင်း
မာရသာမုန်တိုင်းကြောင့် ပျက်စီးမှုများ လူကယ်ပြန် ကြေညာ
DVB
·
April 17, 2017
Donate to DVB

မနေ့ညက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ မာရသာမုန်တိုင်းကြောင့် ပျက်စီးခဲ့တာတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ကြေညာနေပါတယ်။

ရမ်းဗြဲမြို့နယ်၊ မကျည်းကျေးရွာမှာ ဘုန်းကြီးကျောင်းအုတ်တံတိုင်း ပေ ၁၀၀ လောက် ပျက်စီး လဲပြိုပြီး မကျည်းကျွန်း ကမ်းနားက ငါးဖမ်းအဖွဲ့ တဲအလုံး ၇၀ လောက် ပျက်စီးခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်၊ ပင်လယ်ကမ်းစပ်ကျွန်းပေါ်ရှိ ကျေးရွာအုပ်စု ၉ အုပ်စုမှာတော့ မနက် ၈ နာရီအချိန်မှာ လေငြိမ်သွားပြီး မိုးရွာနေတယ်လို့ ကြေညာပါတယ်။

မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာတော့ ထူးခြားမှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။

မာန်အောင်မြို့မှာတော့ အမိုးလန် ပျက်စီးတာတချို့ရှိပြီး စာရင်းကောက်ယူဆဲ ဖြစ်သလို သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်မှာ ဓနိ အမိုးလန် ၈ အိမ်နဲ့ သွပ်မိုး ၁ ဆောင်၊ စုစုပေါင်း ၉ ဆောင် အမိုးလန်သွားတယ်လို့ ရေးသားထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဂေါ်ရင်ဂျီကျွန်းမှာ မိုးရွာလို့ ပျက်စီးနေတဲ့ မြေသားလမ်းကို ဆောက်လုပ်ရေး၊ လမ်းတံတားက ပြုပြင်နေပြီး မွန်းမတည့်ခင် ပြီးမယ်လို့လည်း ကြေညာထားပါတယ်။

ပြီးတော့ မကွေးတိုင်း၊ ကံပြားက ယင်းချောင်းလမ်းလွှဲ ယာယီတံတား ပျက်စီးနေတာကိုလည်း ဆောက်လုပ်ရေးက အမြန်ပြုပြင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - Prof Win Myat Aye

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013