သင်္ကြန်ကာလ အကြိုနေ့ကနေ အကြတ်နေ့အထိ မှုခင်းတွေကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁၅၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ၇ ယောက် သေဆုံးပြီး သေမှုသေခင်းကြောင့် ၇ ယောက် သေဆုံးခဲ့တာပါ။ ထုတ်ပြန်ချက်အရ အကြတ်နေ့မှာ မှုခင်း ၇၂ မှု ဖြစ်ခဲ့တာကြောင့် အများဆုံးဖြစ်ပြီး စုစုပေါင်း ၁၄၇ မှု ဖြစ်ခဲ့ပါတယ်။
မှုခင်းဖြစ်တာ အများဆုံးကတော့ ရန်ကုန်တိုင်း ၂၂ မှု၊ မန္တလေးတိုင်း ၁၇ မှု ဖြစ်ပါတယ်။
အများဆုံးဖြစ်တဲ့ မှုခင်းက ခိုးမှု၊ ခါးပိုက်နှိုက်၊ မသင်္ကာမှု ဖြစ်ပြီး အမှုပေါင်း ၅၀၊ နာကျင်စေမှု ၃၃ မှုနဲ့ ယာဉ်တိုက်မှု ၂၆ မှု ဖြစ်ပါတယ်။











