DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေးမှ ကေတီဗွီ၊ ကလပ်များ အားလုံး ပိတ်သိမ်း
DVB
·
April 17, 2017
Donate to DVB

ရန်ကုန်မြို့၊ မင်္ဂလာဈေးမှာ ရှိတဲ့ ကေတီဗွီနဲ့ ကလပ်တွေအားလုံးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

“သင်္ကြန်အကျနေ့က စပြီး ပိတ်လိုက်တယ်။ ပြောင်းရွှေ့ဖို့ ကိစ္စကတော့ နောက်မှ သေချာသိရမယ်” လို့ Channel V က မန်နေဂျာ ကိုဖုန်းက ပြောပါတယ်။

ဒီလို ပိတ်ခိုင်းတာဟာ မတရားဘူးလို့လည်း ဖျော်ဖြေရေး ကလပ်တွေရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“ကျနော်တို့ အားလုံးမှာ ဖျော်ဖြေရေး လိုင်စင်တွေ ရှိတယ်။ အခွန်ဆောင်တယ်။ စာချုပ်နဲ့ ငှားရမ်းပြီး စည်းကမ်းမဖောက်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ကျနော်တို့ကို ဖယ်ခိုင်းတယ်” လို့ Asia Entertainment က မန်နေဂျာ ကိုအေးလွင်က ဆိုပါတယ်။

ပြောင်းရွှေ့ဖို့ ပထမဆုံး ပို့တဲ့စာမှာ လက်မှတ်၊ တံဆိပ်တုံး စတာတွေ မပါခဲ့သလို တိတိကျကျ ရှင်းလင်းပြောကြားခဲ့တာ မရှိဘူးလို့ ကလပ် တာဝန်ခံတွေက ပြောပါတယ်။

ဒီဈေးဝင်းထဲမှာ စီးပွားရေး စင်တာဆောက်ဖို့အတွက် ဖယ်ရှားပေးဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနက စာပို့ခဲ့တာပါ။

ရန်ကုန်မြို့ရဲ့ လက်ကားဈေးတွေရှိတဲ့ မင်္ဂလာဈေးဝန်းထဲက ဖျော်ဖြေရေး ကလပ်တွေဟာ မြို့တော်ဝန် လေးဆက်ဖွင့်ခဲ့ကြတာလို့ သူတို့က ဆိုပါတယ်။

ဒီဈေးတွေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ ရှိနေသေးပေမယ့် ကေတီဗွီနဲ့ ကလပ် ၇ ခုကိုပဲ ဖယ်ရှားခိုင်းခဲ့တာလို့လည်း ပြောပါတယ်။

ဒီဈေးတွေမှာ လုပ်ငန်းလုပ်နိုင်ဖို့အတွက် ပြင်ဆင်ထားတာတွေ အများကြီး ရှိသလို ရာနဲ့ချီတဲ့ ဝန်ထမ်းတွေကြောင့် ပြောင်းရွှေ့ဖို့အတွက် လုံလောက်တဲ့ အချိန်ပေးစေလိုတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013