DVB Logo
Home
မြန်မာသတင်း
မြန်မာခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး နှစ်သစ်ကူးစကားများ ထွက်ပေါ်
DVB
·
April 17, 2017
Donate to DVB

မြန်မာခေါင်းဆောင်တွေရဲ့ ပြည်သူ့ထံ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွေမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဦးတည်ပြောဆိုခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာနှစ်ဆန်းတရက် ဒီနေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတတွေဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောခဲ့ကြပြီး ဒီထဲမှာ ငြိမ်းချမ်းရေးစကားတွေ ပါဝင်နေတာပါ။

သမ္မတ ဦးထင်ကျော်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကားထဲမှာ “အများပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ခရီးဟာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ မကြာမီမှာ ကျနော်တို့ ပန်းတိုင်ကိုရောက်အောင် အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းတွေ ဆောင်ကြဉ်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း “မြန်မာနှစ်သစ်ကူးဖြစ်တဲ့ ၁၃၇၉ ခုနှစ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ငြိမ်းချမ်းရေးပုံရိပ်များ ပိုမိုပေါ်ထွန်းလာမယ့်နှစ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မယ့်နှစ်၊ မြန်မာ့သမိုင်းစာမျက်နှာမှာ တင်ကျန်ရစ်မယ့်နှစ် တစ်နှစ်ဖြစ်ပါစေ” လို့ နှုတ်ခွန်းဆက်စကားထဲ ထည့်ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း “မေတ္တာနှင့် ယှဉ်သည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တိုင်းရင်းသား ပြည်သူများ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် အတူတကွ ပူးပေါင်းပါဝင် လက်တွဲတည်ဆောက်သွားကြဖို့ နှစ်သစ် အခါသမယမှာ အထူးတိုက်တွန်း ပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

တခါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “နိုင်ငံသူ နိုင်ငံသားများအားလုံး ငြိမ်းချမ်းသာယာ ဝပြောရေးတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း မိမိတို့ကျရာ ကဏ္ဍ တထောင့်တနေရာကနေ တတ်စွမ်းသမျှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြဖို့ အထူးလိုအပ်လှပါ တယ်” လို့ ပြောခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “ငြိမ်းချမ်းရေး အရေးကြီးပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ခုနကပြောတဲ့ ခွန်အားတွေနဲ့အတူ ငြိမ်းချမ်းရေးတွေရအောင် ကြိုးစားသွားကြဖို့လည်း ဆုမွန်ကောင်း တောင်းပါတယ်”လို့ နှုတ်ခွန်းဆက်စကားထဲ ထည့်ပြောသွားပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ နှစ်သစ်ကူးစကားထဲမှာ လူနေမှုဘဝမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင် ရုန်းကန်နေကြရတဲ့ ပြည်သူလူထုအနေနဲ့ အစိုးရအပေါ် ယုံယုံကြည်ကြည်နဲ့ နားလည်မှု ပေးနေတဲ့အပေါ် အထူးကျေးဇူးတင်တယ်လို့ ပြောခဲ့ပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတော့ ထွက်ပေါ်လာတာ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013