DVB Logo
Home
မြန်မာသတင်း
နေ့လယ် ၁၂ နောက်ပိုင်း အန္တရာယ်ရှိပါတယ်၊ ညနေ ၆ နာရီနောက်ပိုင်း သေချာပေါက် မနေပါနဲ့တော့
DVB
·
April 16, 2017
နေ့လယ် ၁၂ နောက်ပိုင်း အန္တရာယ်ရှိပါတယ်၊ ညနေ ၆ နာရီနောက်ပိုင်း သေချာပေါက် မနေပါနဲ့တော့
Donate to DVB

ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ် စစ်တွေနဲ့ သံတွဲကြား ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် ညနေ ၆ နာရီနောက်ပိုင်း ဘယ်သူမှ မနေကြတော့ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟို ကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ အခုလို ပြောတာပါ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း " မာရသာ " (Maarutha) နဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားသဘာ ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီ အရေးပေါ်အ စည်းအဝေးပြုလုပ်ခဲ့တာပါ။

ဒေါက်တာဝင်းမြတ်အေးက “မုန်တိုင်းမိုင်က အမျိုးမျိုးပြောင်းလဲနေတယ်။ အခုဟာက ပြောလို့မရတာ တစ်နာရီကို မိုင် ၄၀၊ ၅၀၊ ၆၀ ဆိုတဲ့ အပြောင်းအလဲတွေ ရှိတယ်လေ။ အဲဒီအပြောင်းအလဲတွေက ကျနော်ကတော့ ကံကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆို လျော့သွားနိုင်တဲ့ အလားအလာလည်းရှိတယ်လို့ ပြောတယ်၊ ဒါပေမယ့် ကျနော်တို့က ပေါ့လို့မဖြစ်ဘူး။ အဓိကက အဲဒါ အရေးအကြီးဆုံးပဲ။ ဘာလို့လဲဆို လာနေတာတော့ တကယ်လာနေပြီ အန္တရာယ်ပေး မပေးဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ဘူးပေါ့။ ပုံမှန်အားဖြင့်တော့ အန္တရာယ်က လျော့နိုင်တဲ့ အလားအလာတော့ ရှိတယ်။ ဒါပေမယ့် ကြိုတင်ပြီးတော့ အသိနဲ့ သတိနဲ့ ရှိနေရမယ်။ ဆက်ပြီးတော့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကတော့ အားသွန်ခွန်စိုက်လုပ်နေမယ်။ တကယ်မုန်တိုင်းသက်ရောက်မယ်လို့ တိုက်ရိုက်ပြောထားတဲ့နေရာတွေ ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အတတ်နိုင်ဆုံး ရွှေ့မယ်။ အချိန်ကိုက်ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အခုနက တင်ပြချက်တွေကို စိစစ်လိုက်တဲ့ အခါကျတော့ ဒီညနေ ၆ နာရီမှာ ရွှေ့ကိုရွှေ့ရမယ်။ နေ့လည် ၁၂ နာရီမှာ သေချာပေါက် ၀င်နိုင်တဲ့သဘောရှိတာကို။ အဓိကကတော့ ရခိုင်ဘက်ပဲ။ ၆ နာရီမှာ ရွှေ့လို့ရအောင်ဆိုပြီး Alert လုပ်နေတယ်။ နှိုးဆော်နေမယ်။ ရွှေ့ပြီးတော့ နေလိုက်တာ မမှားဘူး။ တကယ် တန်းဖြစ်နိုင်တဲ့နေရာတွေက လူတွေက ရွှေ့လိုက်တာအကောင်းဆုံးပဲ။ ဒါကို တိုက်တွန်းနှိုးဆော်မယ်။ ပူးပေါင်း ဆောင်ရွက်မယ်။ နေ့လည် ၁၂ နောက်ပိုင်းမှာတော့ အန္တရာယ်ရှိပါတယ်။ ညနေ ၆ နာရီနောက်ပိုင်းမှာတော့ သေချာပေါက်မနေပါနဲ့တော့ ဒါကို နိုးဆော်ထားပါတယ်” လို့ ပြောပါတယ်။

ဒီအစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁၁ နာရီ  ၃၀ မိနစ် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ(Maarutha) ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် (၁၉၅)မိုင်ခန့်နဲ့ စစ်တွေမြို့ရဲ့ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားကနေ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းရသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013