DVB Logo
Home
မြန်မာသတင်း
ဂေါ်ရန်ဂျီကျွန်း အပန်းဖြေသွားသည့် ကားစီးရေ ၄၀ ကျော် ပိတ်မိနေ
DVB
·
April 16, 2017
ဂေါ်ရန်ဂျီကျွန်း အပန်းဖြေသွားသည့် ကားစီးရေ ၄၀ ကျော် ပိတ်မိနေ
Donate to DVB

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရန်ဂျီကျွန်းမှာ သွားရောက်အပန်းဖြေခဲ့ကြတဲ့ ကားအစီးရေ ၄၀ ကျော် ပိတ်မိနေတယ်လို့ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း က ပြောပါတယ်။

မိုးရွာလို့ မြေသားလမ်းချော်ပြီး ကားမောင်းမရတာကြောင့် ပိတ်မိနေတာလို့ သူက ပြောပါတယ်။

“ဂေါ်ရန်ဂျီကျွန်းဘက်ကျတော့ ကားအစီးရေ ၄၀ ကျော် လောက် ကျန်သေးတယ်၊ ငရုတ်ကောင်းကနေ ဂေါ်ရန်ဂျီ သွားတဲ့လမ်းက ဒိုဇာနဲ့ တကြောင်းထိုးထားတဲ့ မြေသားလမ်းကိုး၊ မြေသားလမ်းဆိုတော့ မိုးရွာတဲ့အခါကျတော့ ကားမောင်းလို့ မရဘူး၊ တချို့လည်း အချိန်မီ ပြန်ထွက်လို့ရတဲ့ ကားကတော့ သွားလို့ရပါတယ်၊ အခုကတော့ မိုးရွာနေတဲ့အခါကျတော့ အဲ့ဒီမှာ ကျန်နေတဲ့ကားက သွားလို့မရတာ ၄၀ ကျော်လောက် ရှိပါတယ်။”

ကိုယ်ပိုင်ကားတွေနဲ့ ကျွန်းမှာ သင်္ကြန်တွင်း သွား အပန်းဖြေတဲ့သူတွေ ပိတ်မိနေကြတာဖြစ်ပြီး ကျွန်းနားက နံ့သာ ပုရွာ၊ ကြွေချိုင်ရွာတို့မှာ အဆောင်တွေရှိပြီး စားရေးနေရေး အဆင်ပြေတယ်လို့လည်း ပြောပါတယ်။

ကားစီးရေ ၄၀ ကျော်က လူဦးရေ ဘယ်ရွေ့ဘယ်မျှ ပိတ်မိနေသလဲဆိုတာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးလည်း မပြောနိုင်ပါဘူး။

ဂေါ်ရန်ဂျီကျွန်းကနေ ပြန်လာတဲ့ ဒီဗွီဘီသတင်းထောက် ကိုရဲဝင့်သူက “ဧပြီ ၁၆ ရက်နေ့မှာတော့ လမ်းဟာ လုံးဝသွားမရအောင် ပျက်စီးနေပြီမို့ ကျွန်းမှာ ကျန်ရစ်နေသူတွေဟာ ပြန်ဖို့အခက်တွေ့နေကြပြီး သင်္ကြန်တွင်း ဈေးနှုန်းမြင့်တက်နေတဲ့ သူတို့တည်းခိုနေရာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တရက်၊ နှစ်ရက် ဆက်နေကြရမယ့်အခြေအနေရှိတယ်” လို့ ပြောပါတယ်။

မကြာခင်ကမှ လူသိများလာတဲ့ ဂေါ်ရန်ဂျီကျွန်းကို အခုသင်္ကြန်ပိတ်ရက်မှာမှ လူအများအပြား လာရောက်လည်ပတ်နေကြတာဖြစ်ပြီး ကျွန်းအနီးတဝိုက် ကမ်းခြေကျေးရွာတွေက ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုသူအပြည့်ဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013