DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် အမည်မသိလူ ၁ ဦး ရထားကြိတ် သေဆုံး
DVB
·
April 16, 2017
ညောင်လေးပင်တွင် အမည်မသိလူ ၁ ဦး ရထားကြိတ် သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာအနီးမှာ အမည်မသိလူတဦး ဧပြီ ၁၆ ရက်မနက်ပိုင်းက ရထားကြိတ်ခံရလို့ သေဆုံးသွားပါတယ်။

ဦးအောင်ဝင်း တောင်ငူမီးရထားဝန်းနေသူ မောင်းနှင်လာတဲ့ ရန်ကုန်-မန္တလေးအမှတ်(၁) အဆန်စာပို့ ရထားစက်ခေါင်းအမှတ်-DF/1359 ရထားခုတ်မောင်းနေချိန် မီးရထားကြေးနန်း မိုင်တိုင်အမှတ်(၉၆/၁၄ ) အနီးမှာ အမည်မသိလူတစ်ဦးကို ကြိတ်မိခဲ့တယ်လို့ သိရပါတယ်။

ရထားခုတ်မောင်းနေချိန် အမည်မသိလူတစ်ဦးက ရထားစက်ခေါင်းရှေ့ကို လှဲချခဲ့တာလို့ တော်ဝိမီးရထားဘူတာရုံပိုင် ဦးစောလင်းသိန်းက ပြောပါတယ်။

အဆိုပါမီးရထားကြိတ်မိ သေဆုံးတာနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ အမှုအား အမြန်တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရှိရတယ်။

သတင်း၊ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013