DVB Logo
Home
မြန်မာသတင်း
ဂေါ်ရန်ဂျီကျွန်းပေါ် အပန်းဖြေသူများ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်ဖို့အခက်တွေ့
DVB
·
April 16, 2017
ဂေါ်ရန်ဂျီကျွန်းပေါ် အပန်းဖြေသူများ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်ဖို့အခက်တွေ့
1 / 13
Donate to DVB

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရန်ဂျီကျွန်းကို သင်္ကြန်အားလပ်ရက် အပန်းဖြေခရီးရောက်နေသူတွေဟာ မြန်မာနိုင်ငံကို ဦးတည်လာနေတဲ့ မာရသာ (Maarutha) ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေရပ်ကိုပြန်ဖို့အခက်တွေ့နေကြပါတယ်။

ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတဝိုက်ကမ်းခြေတွေမှာ ဧပြီ ၁ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ လေးပြင်းတွေတိုက်၊ မိုးတွေရွာခဲ့တာကြောင့် ကျွန်းကနေအထွက် မြေသားလမ်းတွေ ပျက်စီးပြီး သွားလို့မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ကျွန်းကို လာရောက်လည်ပတ်နေသူတွေထဲက တချို့ဟာ မုန်တိုင်းသတင်းကြောင့် ဧပြီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ကိုယ်ပိုင်ကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ကျွန်းကို စတင်စွန့်ခွာခဲ့ကြပါတယ်။ ပျက်စီးပြီး ချော်နေတဲ့ လမ်းပေါ်မှာ သူတို့တွေ ခဲရာခဲဆစ်ဖြတ်သန်းခဲ့ရတာပါ။

အဲဒီနေ့ နေ့လယ်မှာ ကျွန်းကို စွန့်ခွာနိုင်ခဲ့ကြတဲ့သူတွေရှိသလို ချော်နေတဲ့လမ်းပေါ်မှာ ဆက်မသွားနိုင်တော့လို့ ကားကိုလမ်းမှာ ထားရစ်ခဲ့ကြသူတွေလည်းရှိပါတယ်။

ဧပြီ ၁၆ ရက်နေ့မှာတော့ လမ်းဟာ လုံးဝသွားမရအောင် ပျက်စီးနေပြီမို့ ကျွန်းမှာ ကျန်ရစ်နေသူတွေဟာ ပြန်ဖို့အခက်တွေ့နေကြပြီး သင်္ကြန်တွင်း ဈေးနှုန်းမြင့်တက်နေတဲ့ သူတို့တည်းခိုနေရာ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တရက်၊ နှစ်ရက် ဆက်နေကြရမယ့်အခြေအနေပါ။

မကြာခင်ကမှ လူသိများလာတဲ့ ဂေါ်ရန်ဂျီကျွန်းကို အခုသင်္ကြန်ပိတ်ရက်မှာမှ လူအများအပြား လာရောက်လည်ပတ်နေကြတာဖြစ်ပြီး ကျွန်းအနီးတဝိုက် ကမ်းခြေကျေးရွာတွေက ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုသူအပြည့်ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013