DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ် (ရုပ်သံ)
DVB
·
April 16, 2017
ဘိုကလေးမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ် (ရုပ်သံ)
Donate to DVB

ဘိုကလေးမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်... by dvburma
ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာမှာ သင်္ကြန်အတက်နေ့ ဒီနေ့မနက် ၈ နာရီလောက်ကစပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) အဖြစ် ရောက်ရှိခဲ့ပြီး ၃၆ နာရီအတွင်း စစ်တွေနဲ့ သံတွဲမြို့ကြားကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုပ်သံ-စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013