DVB Logo
Home
မြန်မာသတင်း
ဇနီးကို လာကြိုသည့် ဒုအရာခံဗိုလ် ဆိုင်ကယ်အရှိန်လွန်လဲကျ သေဆုံး
DVB
·
April 15, 2017
ဇနီးကို လာကြိုသည့် ဒုအရာခံဗိုလ် ဆိုင်ကယ်အရှိန်လွန်လဲကျ သေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဧပြီလ ၁၄ ရက် ညနေ ၃ နာရီမှာ သီးကုန်းတိုးဂိတ်က ကားဆင်းမယ့် ဇနီးကိုလာကြိုတဲ့ သာစည်မြို့ ခမရ (၄၂၀) တပ်ရင်းမှ ဒုအရာခံဗိုလ်ဝင်းသန်း မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ ဆိုင်ကယ်အရှိန်လွန် လဲကျသေဆုံးသွားတယ်လို့ မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းက သိရပါတယ်။

မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက “ဆိုင်ကယ်အရှိန်ပြင်းလွန်းတယ်။ ဦးခေါင်းနောက်စေ့နဲ့ ငယ်ထိပ်ပေါက်ပြဲ သွေးထွက်တယ်။ နားနှစ်ဖက်နဲ့ ပါးစပ်က သွေးထွက်တယ်။ ဘယ်ဘက်လက်မောင်းနဲ့ လက်ဖျံရိုးကျိုးသွားတယ်။ လဲကျတဲ့ နေရာမှာတင် သေဆုံးသွားတယ်။ ကြက်ခြေနီအသင်းကားနဲ့ တပ်မတော်ကုတင် ၅၀၀ ဆေးရုံပို့ပေးရတယ်”လို့ ပြောပါတယ်။

ဒုအရာခံဗိုလ်ဝင်းသန်းကို အမှုအမှတ်ယာဉ် (ပ) ၇/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အတွက် လူသေမှု ပုဒ်မ-၃၀၄(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းက သိရပါတယ်။

သတင်း - မောင်မောင်လင်း (ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013