DVB Logo
Home
မြန်မာသတင်း
မီးသတ်ယာဉ် ၁ စီး လမ်းဘေးရေးကစားမဏ္ဍပ်အနီး ဓာတ်တိုင်ဝင်တိုက်
DVB
·
April 15, 2017
မီးသတ်ယာဉ် ၁ စီး လမ်းဘေးရေးကစားမဏ္ဍပ်အနီး ဓာတ်တိုင်ဝင်တိုက်
1 / 4
Donate to DVB

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်သန့်ဇင်လမ်းထိပ်မှာ သင်္ကြန်အကျနေ့ မနေ့ ညနေ ၆ နာရီလောက်က မီးသတ်ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေးကစား မဏ္ဍပ်အနီး လျှပ်စစ်မီးတိုင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးသတ်ယာဉ်မောင်းကတော့ အရက်သောက်ထားပေမယ့် မမူးပါဘူးလို့ ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။

ယာဉ်မတော်တစမှုကြောင့် အသက် ၆ နှစ် အရွှယ်ခလေးနဲ့ အမျိုးသမီးတဦး စက်ဘီးစီး လူငယ်တဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပေမယ့် အသက်စိုးရိမ်ဖွယ်ရာမရှိခဲ့ပါဘူး။

သင်္ကြန်အတွင်းရေမလာ မီးပျက်နေလို့လည်း လူအများထိခိုက်ဒဏ်ရာမရှိခဲ့ပေမယ့် ပုံမှန်ဆိုထိုနေရာမှာ လူအများရေကစား ကြတာလို့ ရပ်ကွက်နေတဦးမှပြောပါတယ်။
သတင်း - လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013