DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်တွင် စွန်ရဲ စီမံချက်နှင့် ခါးပိုက်နှိုက် ဖမ်း
DVB
·
April 15, 2017
ရန်ကုန်သင်္ကြန်တွင် စွန်ရဲ စီမံချက်နှင့် ခါးပိုက်နှိုက် ဖမ်း
1 / 5
Donate to DVB

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သင်္ကြန်တွင်း ခါးပိုက်နှိုက်များကို စွန်ရဲစီမံချက်နဲ့ ဖမ်းဆီးခဲ့ရာမှာ ဧပြီ ၁၄ တရက်ထဲ ခါးပိုက်နှိုက် ၉ ယောက် ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ရက် မနက် ၁၀ နာရီခွဲမှာ လှိုင်မြို့နယ်၊ ဟန်နွေဦးရေကစားမဏပ်ရှေ့မှာ ရေကစား နေသူတဦးထံက ခါးပိုက်နှိုက်ခဲ့တဲ့ စန်းမင်းအောင် (ခေါ်) မျောက်ကြီး၊ မနက် ၁၁ နာရီ ၁၄ မိနစ်မှာ ကမာရွတ်မြို့နယ်၊ အတာမိုး ရေကစားမဏ္ဍပ်ရှေ့မှာ ရေကစားနေသူတဦးထံက ခါးပိုက်နှိုက်ခဲ့တဲ့ အောင်ပိုင် (ခေါ်) ဘဲခြေထောက်၊ သန်းထွဋ် တို့ကို ရဲက အရပ်ဝတ်နဲ့ ဖမ်းခဲ့တာ ဖြစ်ပါတယ်။

တခါ လသာမြို့နယ်၊ MNTV ရေကစားမဏ္ဍပ်ရှေ့မှာ ခါးပိုက်နှိုက်ခဲ့ကြတဲ့ သက်မျိုးဦးနဲ့ မချိုချိုအောင်၊ ၀င်းထက်နိုင်နဲ့ သက်နိုင်ဦး၊ သက်ပိုင်စိုး (ခေါ်) ရွှေစောင်းတို့ကိုလည်း သူတို့ နှိုက်ယူထားတဲ့ ကျပ်ငွေများနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

ရန်ကုန်မှာ သင်္ကြန်တွင်း ရေကစားနေသူများထံက ခါးပိုက်နှိုက်ယူတွေကို စွန်ရဲစီမံချက်နဲ့ အရှိန်မြှင့် ဖမ်းဆီသွားမှာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013