DVB Logo
Home
မြန်မာသတင်း
မော်လူးတွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ
DVB
·
April 14, 2017
မော်လူးတွင် ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ်မော်လူးအထွက် ဟဲနုကျေးရွာအနီး ရွှေဘို- မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၆၄/၆ နဲ့ ၁၆၄/၇အကြားမှာ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ် လောက်က ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့အတွက် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ မော်လူးနယ်မြေရဲစခန်းက သိရပါတယ်။

မြစ်ကြီးနားက ရွှေဘိုဘက်ကို မသင်းသင်းစန်း မောင်းနှင်ပြီး ဆိုင်ကယ်နောက်မှာ မစုစုလှိုင် လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ ရွှေဘိုဘက်ကနေ မြစ်ကြီးနားဘက်ကို ယာဉ်မောင်း သဲမောင်မောင်မောင်းနှင်လာတဲ့ ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်ပေါ်မှ မသင်းသင်းစန်းနဲ့ မစုစုလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။  မသင်းသင်းစန်းနဲ့ မစုစုလှိုင်တို့ ၂ ဦးကို မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ခဲ့ရပြီး မသင်းသင်းစန်းမှာ ညနေ ၄ နာရီခွဲက ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းသဲမောင်မောင်နဲ့ မသင်းသင်းစန်းတို့ ၂ ဦးကို ဥပဒေအရအရေးယူပေးဖို့ ယာဉ်စည်းထိန်းသိမ်းရေး ဒုတပ်ကြပ်နေဝင်းထွန်းက တရားလိုပြုလုပ် တိုင်ကြားရာ မော်လူးနယ်မြေရဲစခန်းက ယာဉ်(ပ)၅/၂၀၁၇ ပြစ်မှု ပုဒ်မ၃၀၄(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ခင်ဆွေ(မော်လူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013