DVB Logo
Home
မြန်မာသတင်း
ညအချိန် နေအိမ်ကျော်တက် ဓားထိုးမှုဖြစ်
DVB
·
April 14, 2017
ညအချိန် နေအိမ်ကျော်တက် ဓားထိုးမှုဖြစ်
Donate to DVB

ဧပြီလ ၁၃ ရက် ည ၁၀ နာရီ အချိန်က ကလေးမြို့ အောင်သစ္စာရပ်ကွက် နေအိမ်တအိမ်မှာ အိမ်ကျော်တက် ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့ မြို့မ ရဲစခန်းက သိရပါတယ်။

“ဓားထိုးခံရတာက မိန်းကလေးပါ။ ညခင်း ဓားထိုးခံရသူက မောင်ဖြစ်သူရယ် သမီးဖြစ်သူရယ် တူတူ ရှိနေတုန်း သမီးငယ်လေးက ငိုနေတာ ကြားတာနဲ့ အိပ်ယာက ထကြည့်တော့ လူစိမ်းတွေ့တာနဲ့ အော်လိုက်တာ။ အဲဒီမှာ လူစိမ်းက ဓားနဲ့ထိုးပြီး ပြတင်းပေါက်ကနေ ဆင်းပြေးသွားတယ်" လို့ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ် ပြောပါတယ်။

ဓားထိုးခံရတဲ့ အမျိုးသမီးဟာ ယာဘက် ပခုံးနဲ့ လည်ပင်းအကြား ဒဏ်ရာ ၅ ချက် လက်ယာဘက် လက်ပြင် ထိုးသွင်းဒဏ်ရာ ၂ ချက် ယာဘက်ကျော ၁ ချက် လက်မောင်း ၁ ချက် ဒဏ်ရာ ရရှိခဲ့ပြီး ကလေးမြို့ဆေးရုံမှာ ဆေးကုသခံနေပါတယ်။ ဒဏ်ရာတွေ များပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့လည်း သိရပါတယ်။

ဓားထိုးမှာ ကျူးလွန်သူနဲ့ သက်သေခံ ပစ္စည်းပါ အတူဖမ်းဆီးရမိထားပြီး အောင်သစ္စာ ရပ်ကွက်နေ ဝင်းသန်းဦးဆိုသူဖြစ်ပြီး ဝင်းသန်းဦးကို ရာဇသတ်ကြီးပုဒ်မ-၄၅၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013