DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အကြိုနေ့ ညနေပိုင်း ကလေးမြို့ ဗဟိုမဏ္ဍပ်ရှေ့ ဓားထိုးမှု ဖြစ်ပွား
DVB
·
April 14, 2017
သင်္ကြန်အကြိုနေ့ ညနေပိုင်း ကလေးမြို့ ဗဟိုမဏ္ဍပ်ရှေ့ ဓားထိုးမှု ဖြစ်ပွား
Donate to DVB

မဟာသင်္ကြန် အကြိုနေ့ ညနေပိုင်း ၄ နာရီ ခွဲလောက်က ကလေးမြို့ စည်ပင်သာရေး ကော်မတီရုံးရှေ့က ဗဟိုမဏ္ဍပ်မှာ ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ဓားထိုးမှုမှာ ထိုးခံရတဲ့ သူနဲ့ ထိုးတဲ့သူဟာ တရပ်ကွက်တည်းနေ သူငယ်ချင်းတွေ ဖြစ်ပြီး သင်္ကြန်တူတူ ကခုန်ရင်း ဓားထိုးမှု ဖြစ်ပွားခဲ့တာပါ။

ဓားထိုးမှုဖြစ်ပွားပြီးပြီးခြင်း အထိုးခံရသူ လဲကျသွားချိန်မှာ ဓားနဲ့ ကပ်ထိုးသွားတဲ့ လူကိုလည်း လုံခြုံရေး ရဲတပ်ဖွဲ့က ချက်ခြင်း ဖမ်းဆီးနိုင်ခဲ့ပြီး ဓားထိုးခံရတဲ့ လူငယ်ကိုလည်း ကလေးမြို့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဓားထိုးမှုမှာ ကျူးလွန်သူက ကလေးမြို့ ညောင်ပင်ရပ်ကွက် နယ်မြေ (၄) မှာ နေထိုင်တဲ့ ကျော်လင်းခိုင် (ခ) ကျော်ကြီး ဆိုသူဖြစ်ပြီး တရပ်ကွက်တည်းနေ မောင်အေးမင်းထွန်း (ခ) ၀ဲဘိုကို ရေကစားကခုန်ရင်း ရင်ဝကို တစ်ချက် ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။

ဓားထိုးခံခဲ့ရသူ မောင်အေးမင်းထွန်းကို ချက်ခြင်း ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး အတွင်းလူနာအဖြစ် ကုသမှု ခံယူနေပြီး စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ သိရပါတယ်။

ကလေးမြို့မ ရဲစခန်းက ကျော်လင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၂၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013