DVB Logo
Home
မြန်မာသတင်း
ထိုင်းသင်္ကြန် ၂ ရက်အတွင်း သေဆုံးသူ ၈၂ ဦးထိမြင့်တက်
DVB
·
April 13, 2017
ထိုင်းသင်္ကြန် ၂ ရက်အတွင်း သေဆုံးသူ ၈၂ ဦးထိမြင့်တက်
Donate to DVB

ဆုန်ကရန်ပွဲတော်လို့ခေါ်တဲ့ ထိုင်းသင်္ကြန်ပွဲတော် ပထမ၂ ရက်အတွင်း ဧပြီလ ၁၂ ရက်နေ့က လမ်းတွေပေါ်မှာ လူ ၄၈ ဦး သေဆုံးမှုနဲ့အတူ သေဆုံးသူ ၈၂ ဦးထိဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးထားပါတယ်။

“အန္တရာယ်ရှိသော ၇ ရက်” လို့ သတ်မှတ်ထားတဲ့ အချိန်ကာလရဲ့ ဒုတိယနေ့မှာပဲ တစ်နိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု ၅၈၆ မှုဖြစ်ခဲ့ပြီး အဲ့ဒီယာဉ်တိုက်မှုတွေအတွင်း လူ ၆၃၀ ထိခိုက်ဒဏ်ရာ ရကာ လူ ၄၈ ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေး အမြဲတမ်း ဒုတိယ အတွင်းရေးမှူး ဒေါက်တာ ဆူဝနာချိုင်က သဘာဝဘေးအန္တရာယ် လျော့ချ ကာကွယ်ရေးဌာနမှာ ဧပြီလ ၁၃ ရက်နေ့က ပြောခဲ့တာပါ။

မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာက အဓိက ယာဉ်မတော်တဆဖြစ်စေတာလို့ ဒေါက်တာ ဆူဝနာချိုင်က ပြောပြီး မတော်တဆမှုအများဆုံးမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်နေတယ်လို့ ပြောပါတယ်။

ချင်းမိုင်ခရိုင်မှာပဲ ဧပြီလ ၁၂ ရက်နေ့က မှတ်တမ်းအရ ယာဉ်တိုက်မှု ၃၃ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ လူ ၃၂ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရမှုလည်း အများဆုံးလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်ချနာပူရီခရိုင်မှာတော့ သေဆုံးသူ ၄ ဦးရှိပြီး အများဆုံး သေဆုံးတာလို့လည်း သိရပါတယ်။
သင်္ကြန် ၂ ရက်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၉၉၅ မှု သေဆုံးသူ ၈၂ ဦး ဒဏ်ရာရသူ ၁၀၄၉ ဦး ရှိတယ်လို့ ဒေါက်တာ ဆူဝနာချိုင်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရိုင် ၃၁ ခုမှာတော့ သင်္ကြန် ၂ ရက်အတွင်း ယာဉ်မတော်တဆမှုကနေ သေဆုံးမှု မရှိဘူးလို့လည်း သိရပါတယ်။

မနှစ်က သင်္ကြန်ကာလ ၂ ရက်ဖြစ်တဲ့ ဧပြီလ ၁၁ ရက်မှ ၁၂ ရက်အတွင်း လူ ၁၁၆ ဦး သေဆုံးခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလ ၂ ရက်အတွင်း သေဆုံးသူဦးရေ လျော့ချနိုင်ခဲ့လို့ လမ်းအန္တရာယ် ကင်းရှင်းရေးအခြေအနေ တိုးတက်လာတယ်လို့ ဒေါက်တာဆူဝနာချိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013