DVB Logo
Home
မေးမြန်းခန်း
ကျောင်း​သား​ရှိရင် ​ကျောင်း​သား​သမဂ္ဂ ရှိရမယ်
DVB
·
January 18, 2012
ကျောင်း​သား​ရှိရင် ​ကျောင်း​သား​သမဂ္ဂ ရှိရမယ်
Donate to DVB

ဗကသများ​အဖွဲ့​ချုပ် တရား​ဝင်ရပ်တည်နိုင်​ရေး​ ဗဟို​ကော်မတီကို ဖွဲ့​စည်း​လိုက်ပါတယ်။ ဒီ​ကော်မတီကို လွန်ခဲ့​တဲ့​ရက်ပိုင်း​က ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ ဗကသ ​ခေါင်း​ဆေင် ကို​ကျော်ကိုကို၊​ ဒီငြိမ်း​လင်း​အပါအဝင် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေလည်း​ ပါဝင်ပါတယ်။

[caption id="attachment_20113" align="alignleft" width="300" caption="ကိုကျော်ကိုကို "][/caption]

ဗကသများ​ အဖွဲ့​ချုပ် ဗဟိုစည်း​ရုံး​ရေး​ကော်မတီ ဥက္ကဋ္ဌ ကို​ကျော်ကိုကို ကို ​မေး​မြန်း​ထား​ပါတယ်။

ဒီ​နေ့​ ​ဆွေး​နွေး​ပွဲမှာ ဘာ​တွေ ​ဆွေး​နွေး​တယ်၊​ ဘာ​တွေ ဆုံး​ဖြတ်တယ် ဆိုတာကို ရှင်း​ပြပါလား​။

“ဒီ​နေ့​ ကျ​နော်တို့​ ​ဆွေး​နွေး​တဲ့​ ပွဲမှာ ဗကသများ​အဖွဲ့​ချုပ် တရား​ဝင် ရပ်တည်နိုင်​ရေး​အတွက် ဗဟိုစည်း​ရုံး​ရေး​ကော်မတီ ဖွဲ့​စည်း​ခြင်း​ကို ဆုံး​ဖြတ်ကြပါတယ်။ ဖွဲ့​စည်း​ခြင်း​ရဲ့​ ရည်ရွယ်ချက်က​တော့​ လွတ်​မြောက်လာတဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင်များ​နဲ့​ လက်ရှိ တာဝန်ထမ်း​ဆောင်​နေတဲ့​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်များ​ ပူး​ပေါင်း​ပြီး​ ဗကသများ​အဖွဲ့​ချုပ် တရား​ဝင် ရပ်တည်နိုင်​ရေး​အတွက် ဆက်လက်ရပ်ခံဖို့​အတွက် တတိုင်း​ပြည်လုံး​ စည်း​ရုံး​ရေး​လုပ်ငန်း​များ​ ​ဆောင်ရွက်နိုင်ဖို့​အတွက် ရည်ရွယ်ပြီး​တော့​ ဗဟိုစည်း​ရုံး​ရေး​ ​ကော်မတီကို ဖွဲ့​စည်း​လိုက်တာ ဖြစ်ပါတယ်။

“ဗဟိုစည်း​ရုံး​ရေး​ ​ကော်မတီရဲ့​ လတ်တ​လော တာဝန်​တွေက​တော့​ ​ကျောင်း​သား​ထုအခွင့်​အ​ရေး​ ကာကွယ်​ရေး​နဲ့​ ကို​အေး​အောင် အပါအဝင် မလွတ်​မြောက်​သေး​သော နိုင်ငံ​ရေး​ကျဉ်း​သား​များ​ အား​လုံး​ ပြန်လည် လွတ်​မြောက်လာ​စေရန် ကြိုး​ပမ်း​ခြင်း​တို့​ ဖြစ်ပါတယ်။ ဗဟိုစည်း​ရုံး​ရေး​ ​ကော်မတီရဲ့​ ​ရေရှည်တာဝန်​တွေက​တော့​ ​ဒေသဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​၊​ လူမျိုး​စု ​ကျောင်း​သား​သမဂ္ဂများ​ ​ပေါ်​ပေါက်​ရေး​နဲ့​ ​ကျောင်း​သား​ထု ညီလာခံမှာ ​ရွေး​ကောက်တင်​မြှောက်တဲ့​ ဗကသများ​ အဖွဲ့​ချုပ် ​ပေါ်​ပေါက်​ရေး​တို့​ ဖြစ်ပါတယ်။

“အခု ဖွဲ့​စည်း​လိုက်တဲ့​ ဗကသများ​အဖွဲ့​ချုပ် ဗဟိုစည်း​ရုံး​ရေး​ ​ကော်မတီရဲ့​ ဖွဲ့​စည်း​ပုံမှာ အဖွဲ့​ဝင် ၁၂ ဦး​ပါဝင်ပြီး​တော့​ ဥက္ကဋ္ဌအဖြစ် ကျ​နော်က တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒု-ဥက္ကဋ္ဌ ၁ အဖြစ် ကိုလင်း​ထက်နိုင်က တာဝန်ယူပြီး​၊​ ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ကိုဒီငြိမ်း​လင်း​က တာဝန်ယူမှာ ဖြစ်ပါတယ်။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​အဖြစ် မဖြိုး​ဖြိုး​အောင်က တာဝန်ယူမှာ ဖြစ်ပြီး​၊​ တွဲဖက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၁ အဖြစ် ကို​အောင်​အောင်​ကျော်၊​ တွဲဖက် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ၂ အဖြစ် ကိုမင်း​သွေး​သစ်တို့​က တာဝန်ယူမှာ ဖြစ်ပါတယ်။ သတင်း​နဲ့​ ပြန်ကြား​ရေး​ ​ကော်မတီကို ကိုသီဟဝင်း​တင်၊​ နိုင်ငံခြား​ဆက်သွယ်​ရေး​ ​ကော်မတီကို ကိုဘုန်း​ပြည့်​ကြွယ်၊​ ​ကျောင်း​သား​ထုအခွင့်​အ​ရေး​ ကာကွယ်​ရေး​ကော်မတီကို ကိုစည်သူ​မောင်၊​ သု​တေသနနဲ့​ဖွံ့​ဖြိုး​ရေး​ ​ကော်မတီကို ကိုရဲမင်း​ဦး​၊​ ဘဏ္ဍာ​ရေး​ကော်မတီကို မဟန်နီဦး​၊​ တိုင်း​ရင်း​သား​ ​ကျောင်း​သား​ရေး​ရာ ​ကော်မတီကို ကိုနန္ဒဆက် ​အောင်တို့​က တာဝန်ယူမှာ ဖြစ်ပါတယ်။”

ဒီ​နေ့​ ​ဆွေး​နွေး​ပွဲမှာ ဘယ်သူ​တွေ လာလဲ။

“ကျ​နော်တို့​ ​ထောင်က လွတ်​မြောက်လာတဲ့​ လက်ရှိ ​ကျောင်း​သား​ခေါင်း​ဆောင် လက်ရှိ ​ကျောင်း​တက်​နေတဲ့​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေ၊​ ပြီး​တော့​ ​ထောင်မကျ​ပေမယ့်​ တာဝန်ဆက်လက် ထမ်း​ဆောင်​နေတဲ့​ ​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေ​ရော ပူး​ပေါင်း​ပြီး​တော့​ ​ဆွေး​နွေး​ပွဲ ကျင်း​ပတာ ဖြစ်ပါတယ်။ ၉၆၊​ ၉၇၊​ ၉၈ နဲ့​ ၂၀၀၃ ခုနှစ် ​ကျောင်း​သား​ခေါင်း​ဆောင်​ဟောင်း​တွေလည်း​ ပါဝင်ပါတယ်။”

ဒီ​နေ့​ ​ဆွေး​နွေး​ပွဲ​လေး​မှာ လက်ရှိအစိုး​ရ​ပေါ် ဘယ်လို သုံး​သပ်ကြလဲ။ ဒီလိုမျိုး​ ​ပေါ်​ပေါ်တင်တင် လုပ်လို့​ ရပါ့​မလား​။

“ကျ​နော်တို့​က ဒီ​နေ့​ ​ဆွေး​နွေး​ပွဲမှာ သမဂ္ဂဗဟိုစည်း​ရုံး​ရေး​ ​ကော်မတီ ဖွဲ့​စည်း​ခြင်း​ ကိစ္စကိုပဲ ​ဆွေး​နွေး​တာဖြစ်ပြီး​ လက်ရှိ အစိုး​ရအ​ပေါ် သုံး​သပ်ချက်​တွေနဲ့​ ကျ​နော်တို့​ ထုတ်ပြန်​ကြေညာမှု မရှိပါဘူး​။ အဲဒီ သုံး​သပ်ချက်​တွေကိုလည်း​ ကျ​နော်တို့​ မ​ဆွေး​နွေး​ကြပါဘူး​။ ကျ​နော်တို့​ ​လော​လောဆယ် အလုပ်ဖြစ်​မြောက်​ရေး​အတွက် ဒီ​ကျောင်း​သား​သမဂ္ဂ တရား​ဝင် ရပ်တည်​ရေး​အတွက် လက်တ​လော ရပ်ခံနိုင်တဲ့​ လူ​တွေကို ​ရွေး​ချယ်ပြီး​တော့​ ကျ​နော်တို့​ တာဝန် ​ပေး​အပ်ခြင်း​ပဲ ဖြစ်ပါတယ်။”

လက်ရှိကာလက စပြီး​တော့​ ဘယ်​တော့​ လုပ်ငန်း​တွေ စမယ်၊​ ဘာ​တွေလုပ်မယ် ဆိုတာ ​​ပြောပြပါလား​။

“လုပ်ငန်း​စဉ် စဖို့​က​တော့​ ကျ​နော်တို့​ ​ကော်မတီ ဖွဲ့​ပြီး​ပြီ ဆို​ပေမယ့်​ ကျ​နော်တို့​ စည်း​မျဉ်း​ဥပ​ဒေ​တွေ၊​ လုပ်ပိုင်ခွင့်​နဲ့​ တာဝန်​တွေ မသတ်မှတ်ရ​သေး​ပါဘူး​။ ​ကော်မတီ ဖွဲ့​ပြီး​တာနဲ့​ တပြိုင်နက် တပတ်အတွင်း​မှာ စည်း​ရုံး​ရေး​ လုပ်ငန်း​စဉ်များ​၊​ လုပ်ပိုင်ခွင့်​နဲ့​ တာဝန်များ​ အသီး​သီး​ကို ခွဲခြား​သတ်မှတ်ဖို့​ အစည်း​အ​ဝေး​တွေ ထပ်မံ ကျင်း​ပမှာ ဖြစ်ပါတယ်။ ပြင်ပ လှုပ်ရှား​မှုအ​နေနဲ့​က​တော့​ နိုင်ငံ​ရေး​လှုပ်ရှား​မှု ဖြစ်​ပေါ်တဲ့​ ​နေရာတိုင်း​မှာ ကျ​နော်တို့​ ​ကျောင်း​သား​တွေ ရှိ​နေမှာ ဖြစ်ပါတယ်။”

နိုင်ငံ​ရေး​ရာသီဥတုက အ​ပြောင်း​အလဲ ဖြစ်​နေတဲ့​အချိန်မှာ ကို​ကျော်ကိုကိုတို့​ ဒီ ​ကော်မတီက​ရော ​ပေါ်​ပေါ်တင်တင် လုပ်ကိုင် ​ဆောင်ရွက်မှာလား​။ ဘယ်လို လုပ်မှာလဲ။

“ကျ​နော်တို့​ ​ကော်မတီက ​ပေါ်​ပေါ်တင်တင်ပဲ လုပ်ကိုင်​ဆောင်ရွက်ခဲ့​တာ ကြာပါပြီ။ ကျ​နော်တို့​ ​ထောင်က လွတ်လာပြီး​ကတည်း​က ​ပေါ်​ပေါ်တင်တင် ​ဆောင်ရွက်​နေပါတယ်။ လက်ရှိလည်း​ပဲ။ ​ကျောင်း​သား​ရှိရင် ​ကျောင်း​သား​သမဂ္ဂ ရှိရမယ်၊​ ပါလီမန်ရှိရင် သမဂ္ဂရှိရမယ်၊​ သမဂ္ဂရှိရင် သမဂ္ဂအ​ဆောက်အုံ ရှိရမယ်။ ​ကျောင်း​သား​သမဂ္ဂက ​ခေတ်အဆက်ဆက် ​ကျောင်း​သား​ထု​တွေကြား​မှာ တရား​ဝင်တယ် ဆိုတဲ့​ မူ​တွေကို ဆွဲကိုင်ပြီး​တော့​ ကျ​နော်တို့​ ဆက်လက် လှုပ်ရှား​နေပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013