DVB Logo
Home
မြန်မာသတင်း
မဟာအတာသင်္ကြန်ပွဲတော်အကြိုနေ့ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ရမ်းဗြဲမြို့တွင်ကျင်းပ
DVB
·
April 13, 2017
မဟာအတာသင်္ကြန်ပွဲတော်အကြိုနေ့ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ ရမ်းဗြဲမြို့တွင်ကျင်းပ
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ၁၃၇၈ ခုနှစ်၊ မဟာအတာသင်္ကြန်ပွဲတော်အကြိုနေ့ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ဧပြီလ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခမ်းမ၌ ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေ ၁၀ သိန်းကျပ်နဲ့ ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း သက်ကြီးပူဇော်တာ၊ ပရိတ်တရားတော် နာကြားတာနဲ့ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲတို့ကို ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေဖြင့် စည်ကားသိုက်မြိုက်စွာပြုလုပ်သွားမှာဖြစ်တယ်လို့ ရမ်းဗြဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ပြောပါတယ်။

ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို တန်ခူးလပြည့်ကျော် ၂ ရက်နေ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၉ နာရီမှာ ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရမ္မာဝတီခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၉ သင်းက တပြိုင်နက်ထဲ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယှဉ်ပြိုင်ချိန် ၁၀ မိနစ်အတွင်း ရရှိလာတဲ့နံ့သာရေရဲ့ အရေအတွက်နဲ့ အရည်အသွေးပေါ်စစ်ဆေးပြီး အကဲဖြတ်ဒိုင်အဖွဲ့က အမှတ်ပေးစည်းကမ်းနဲ့အညီ ရွေးချယ်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နံ့သာသွေးပြိုင်ပွဲကျင်းပရေးကော်မတီက ဆိုပါတယ်။

ရခိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းကာကွယ်တဲ့အနေနဲ့ နံ့သာသွေးပြိုင်ပွဲကို ကျန်းမာရေးဌာန အနေနဲ့ဝင်ပြိုင်ရခြင်းဖြစ်တယ်လို့ ကျန်းမာရေးဌာနအသင်းက ဒေါ်နှင်းယုစံက ပြောပါတယ်။

ရမ္မာဝတီရိုးရာ နံ့သာသွေးပြိုင်ပွဲအား အမှတ် (၁) အမှတ် (၂) ရပ်ကွက်အသင်း၊ ဌာနဆိုင်ရာအသင်း၊ ကျန်းမာရေးဌာနအသင်း၊ အမှတ် (၆) ရပ်ကွက်အသင်း၊ ပညာရေးဌာနအသင်း၊ အမှတ် (၅) ရပ်ကွက်အသင်း၊ အမှတ်(၃)အမှတ်(၄)ရပ်ကွက်အသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် အမှတ်(၃)ရပ်ကွက်အသင်း စတဲ့ ပြိုင်ပွဲဝင်အသင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တသင်းမှာ ပြိုင်ပွဲဝင် ၁၀ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျန်းမာရေးဌာနအသင်းက ပြိုင်ပွဲတွင်ပထမဆုရရှိခဲ့ပါတယ်။

ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များမှ ပြိုင်ပွဲဝင်များအား ဝတ်စားဆင်ယင်မှု၊ သပ်ရပ်မှု၊ စည်းကမ်းစနစ်တကျရှိမှုနဲ့အတူ အချိန်လေးစားလိုက်နာမှုစတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013