DVB Logo
Home
မြန်မာသတင်း
ခွင့်မပြုသည့်နေရာလမ်းလျှောက်သည့် လူမည်း ၁ ဦးကို အမေရိကန်ရဲ ထိုးကြိတ်သည့်ရုပ်သံထွက်ပေါ်
DVB
·
April 13, 2017
ခွင့်မပြုသည့်နေရာလမ်းလျှောက်သည့် လူမည်း ၁ ဦးကို အမေရိကန်ရဲ ထိုးကြိတ်သည့်ရုပ်သံထွက်ပေါ်
Donate to DVB

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆက်ကရက်မန်တိုမြို့မှာ အမေရိကန်ရဲက လူမည်းတဦးကို ခွင့်မပြုတဲ့နေရာ လမ်းလျှောက်လို့ဆိုပြီး လည်ပင်းညှစ် မြေကြီးပေါ်ပြစ်လှဲလိုက်ပြီး ထိုးကြိတ်နေတဲ့ ထိတ်လန့်ကြောက်ရွံ့စရာ ရုပ်သံကို လူမည်းအမျိုးသားရဲ့မိတ်ဆွေအမျိုးသမီးက ဖမ်းယူရိုက်ကူးမိခဲ့ပါတယ်။

ဒယ်ပါဆိုဟိုက်အရပ်မှာ လူမည်းအမျိုးသား နန်ဒီကာရင် အလုပ်မှအိမ်အပြန် ရဲတဦးရဲ့ ထိုးကြိတ်ခံနေရတာကို မိတ်ဆွေဖြစ်သူ နာအိုမီမွန်တေးက ဧပြီလ ၁၀ ရက်နေ့က ကားပေါ်ကနေ မှတ်တမ်းတင်ရိုက်ကူးခဲ့တာလို့ ဒေးလီးမေးလ်အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

“ကျမဘယ်တုန်းကမှ ဒီလိုမျိုး မျက်မြင်မတွေ့ဖူးဘူး ရဲက ဆက်တိုက်ထိုးကြိတ်နေတယ် ကျမကတော့ ဘုရားရေ ဘာလို့ဒီလိုထိုးကြိတ်နေတာလဲလို့ တွေးမိတယ်” လို့ ဖော့က်စ် ၄၀ သတင်းဌာနကို နာအိုမီက ပြောခဲ့ပါတယ်။

လမ်းပေါ်မှာ ကာရင်က သူ့ရဲ့ဂျက်ကက်ကို ချွတ်လိုက်ပြီး ရဲရှေ့မှာ အာခံတဲ့ပုံနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်လို့ အခြေအနေတွေက ဆိုးရွားလာတာကို ရုပ်သံထဲမှာ စမြင်ရမှာပါ။

ရဲက အရင်စိတ်တိုပြီး ကာရင်ရဲ့ လက်နှစ်ဖက်ကို ချုပ်ပြီး မြေကြီးပေါ် ပစ်လှဲချခဲ့ပေမဲ့ ကာရင်က ဘာမှပြန်မလုပ်ပါဘူး အဲ့ဒီနောက် ရဲက ကာရင်ရဲ့ ရင်ဘတ်ပေါ်ထိုင်ပြီး ကာရင်ရဲ့မျက်နှာပေါ် ဆက်တိုက်ထိုးကြိတ်ခဲ့တာပါ။

အဲ့ဒီနောက် ရဲ နောက်ထပ် ၅ ဦးနဲ့ အခြားရဲကားတွေပါ ရောက်လာပြီး ကာရင်ကို ရဲက လက်နောက်ပြန်ပြီး လက်ထိတ်ခတ်လိုက်ပါတယ်။

မွန်တေးရဲ့ ထိတ်လန့်တကြားအော်ဟစ် ငိုနေတဲ့အသံတွေကိုလည်း ရုပ်သံရဲ့ နောက်ခံမှာ ကြားရမှာပါ။

ရဲတွေကတော့ ကာရင်ကို နမော်နမဲ့လမ်းလျှောက်လို့ ဒီလိုတားဆီးတာလို့ သူမကိုပြောကြောင်း မွန်တေးက ပြောပါတယ်။

ကာရင်က တီဗွီစတိုးဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်ပြီး နဲနဲကြောင်တောင်တောင်နဲ့ မာန်ပါတက်ကြွတဲ့ လူစားမျိုးဖြစ်ကြောင်း သူဘယ်တုန်းကမှ ထောင်မကျဘူးကြောင်း ကာရင်ရဲ့ရည်းစား အန်တွိုင်နက်စတီးဝါ့တ်က ဖော့စ် ၄၀ သတင်းဌာနကို ပြောပါတယ်။

“ဘာဖြစ်တာလဲဆိုတဲ့ အဖြေပဲလိုချင်တယ်” လို့ သူမက ဆက်ပြောပါတယ်။
ဆက်ကရက်မန်တိုရဲကတော့ အမျိုးသားတစ်ယောက် ညနေ ၅ နာရီလောက်မှာ ဥပဒေမဲ့လုပ်လို့ ရဲကတားဆီးခဲ့တာလို့ ဖော့စ် ၄၀ သတင်းဌာနကို ပြောပေမဲ့ ဘာဥပဒေကို ချိုးဖေါက်တယ်ဆိုတာတော့ မပြောပါဘူး။

ရဲဌာနက ဒီရုပ်သံမှတ်တမ်းကို ကြည့်ရှုနေတယ်လို့ သိရပြီး ၂၀၀၉ ခုနှစ်လောက်ကတည်းက ခွင့်ပြုချက်မရှိတဲ့နေရာ လမ်းလျှောက်ရင် ဒဏ်ငွေဆောင်ရတဲ့ ဒေသခံရဲဌာနရဲ့စည်းမျဉ်းက ငွေတောင်းချင်လို့ဆိုတဲ့ ဝေဖန်မှုတွေ ခံနေရကြောင်း ဆက်ကရက်မန်တိုပရက်စ် သတင်းဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013