
မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲကို ဂီတအနုပညာရှင် မြို့မနာယကနဲ့ သတင်းစာရေးဆရာတွေ၊ မြို့မိမြို့ဖတွေဖြစ်ကြတဲ့ လွတ်လပ်ရေးမော်ကွန်းဝင်နဲ့ အမျိုသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
မန္တလေးမြို့ အထက ကျောင်းသူ ၃၀၀ ကျော်ကလည်း သင်္ကြန်ယိမ်းအကတွေ၊ သင်္ကြန်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါသည်။
သတင်းဓာတ်ပုံ-အောင်အောင်၊ အိမ်ခိုင်မြဲ၊ မျိုးနိုင်










