DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်က ကျားစိတ်ဝင်ပြီး ကပြသည့် ကျားဆုခံပွဲ (ရုပ်သံ)
DVB
·
April 13, 2017
ပုလောမြို့နယ်က ကျားစိတ်ဝင်ပြီး ကပြသည့် ကျားဆုခံပွဲ (ရုပ်သံ)
Donate to DVB


မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ကျားဆုခံပွဲကို သင်္ကြန် မတိုင်မီရက်တွေမှာ ကျင်းပခဲ့ပါတယ်။

ပုလောမြို့နယ်ရဲ့ အစဉ်အလာတခုဖြစ်တဲ့ ကျားကပွဲကို နှစ်စဉ်သင်္ကြန် မတိုင်မီ ဧပြီ ၉ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပတာ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့က လယ်ဝိုင်းကျောင်းတိုက်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့မှာ ပုလောမြို့အရှေ့ကျောင်းတိုက်၊ ဒီကနေ့ ဧပြီ ၁၃ ရက်နေ့မှာတော့ အနောက်ကျောင်းတိုက်တို့အတွက် အလှူခံကပြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကနေ ရောက်ရှိလာတဲ့ ဓလေ့တစ်ခုအဖြစ် ပုလောဒေသခံတွေကသတ်မှတ်ထားကြပြီး ဘာသာရေးပွဲတော်အဖြစ်ကျင်းပတာ မဟုတ်ပဲ မြို့တမြို့ရဲ့ဓလေ့အဖြစ်နဲ့သာကပြကြတယ်လို့ ဆိုပါတယ်။

ကျားကပွဲမှာ ကျားစိတ်ဝင်ပြီးဝင်ရောက်ကပြသူတွေ အများအပြားရှိပြီး ကျားကပွဲနှင့်အတူလိုက်ပါလာတဲ့ ကျားထိန်းတွေက ကျားစိတ်ဝင်စီးတဲ့သူတွေကို ထိန်း သိမ်းကူညီပေးပါတယ်။

မြိတ်ဒေသအတွင်း ကျားကပွဲတွေကို မြိတ်မြို့၊ ပုလောမြို့နဲ့ တနင်္သာရီမြို့တွေမှာ ကပြလေ့ရှိပြီး ပုလောမြို့နယ်ဟာ ကျားစိတ်ဝင်ပြီး ၀င်ရောက်ကပြသူ အများဆုံးရှိတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013