DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
DVB
·
April 12, 2017
သင်္ကြန်တွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း
Donate to DVB

သင်္ကြန်တွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုဖြစ်ပေါ်နိုင်ပြီး နှစ်ဆန်းတရက် ဧပြီ ၁၇ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ၀င်ရောက်နိုင်တာပါ။

“၁၄ ရက်နေ့လောက်ကျရင် လေဖိအားနည်းရပ်ဝန်း၊ ဘင်္ဂလားပယ်လယ်အော် တောင်ပိုင်းလောက်မှာ ဖြစ်နိုင်တယ်။ လေဖိအားနည်းရပ်ဝန်းက နည်းနည်းလေး အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ၁၆၊ ၁၇ လောက်ကျရင် မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်တဲ့ အနေအထားလေးရှိတယ်၊ ၁၇ ရက် ညနေပိုင်းလောက် ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ် မှန်းတယ်။”
မုန်တိုင်းငယ်အဖြစ် အားကောင်းမလာဘဲ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ပဲ ပယ်လယ်ထဲ အားပျော့ပျက်ပြယ်သွားမလားဆိုတာ စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်ထဲမှာတော့ နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပယ်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013