DVB Logo
Home
မြန်မာသတင်း
ပြည်-ရန်ကုန် လမ်းတွင် ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁၄ ဦး ဒဏ်ရာရ
DVB
·
April 12, 2017
ပြည်-ရန်ကုန် လမ်းတွင် ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁၄ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ပြည်-ရန်ကုန် လမ်းမပေါ်မှာ ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၁၂ ရက်နေ့၊ မနက် ၇ နာရီခွဲလောက်က ရွှေတောင်မြို့နယ်ထဲ ၀ါးတော၊ ၀ါးလည်ကျေးရွာအလွန်က မိုင်တိုင်အမှတ်(၁၆၄/၅) နဲ့ (၁၆၄/၆)ကြားမှာ ပြည်ကနေ ရန်ကုန်ဘက် ကိုမျိုးမင်းသက်မောင်းလာတဲ့ NISSAN အဖြူရောင်ကားနဲ့ ရန်ကုန်ကနေ ပြည်ဘက် ၀င်းကို မောင်းနှင်လာတဲ့ ဒိုင်နာခရီးသည်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ရွှေတောင်မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒိုင်နာကားပေါ်မှာပါလာတဲ့ ခရီးသည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကတော့ အတွင်းလူနာအဖြစ် ပြည်ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။

ရွှေတောင်မြို့မ ရဲစခန်းက ယဉ်မောင်း ကိုဝင်းကို နဲ့ မျိုးမင်းသက်တို့ကို ယာဉ်မဆင် မောင်းနှင်မှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013