DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ညီအစ်မ နှစ်ဦး မိုးကြိုးထိမှန် သေဆုံး
DVB
·
April 12, 2017
တနင်္သာရီတွင် ညီအစ်မ နှစ်ဦး မိုးကြိုးထိမှန် သေဆုံး
Donate to DVB

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက်က မိုးကြိုးထိမှန်လို့ ကျောင်းသူလေး နှစ်ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာအုပ်စု၊ ရှမ်းအင်းတော် ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရှမ်းအင်းတော်ကျေးရွာနေ တတိယတန်းကျောင်းသူတွေဖြစ်တဲ့ မအိဖြူဇင်နဲ့ ညီမဖြစ်သူ မဟေမာဝင်း တို့ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရှမ်းအင်းတော် ကျေးရွာထိပ်၊ မြိတ်- တနင်္သာရီ ကားလမ်းမကြီးရဲ့ ယာဘက် (၁) ဖာလုံအကွာရှိ ဦးမြတ်ရဲ့ ရော်ဘာခြံမှာ အလုပ်လုပ်တဲ့ မိဘတွေနဲ့အတူ နေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရတာကြောင့် မဟေမာဝင်းရဲ့ ရင်ဘက် ညိုမဲ ဒဏ်ရာနဲ့ မအိဖြူဇင်ကတော့ ပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးခဲ့ကြတာလို့ သိရပါတယ်။

အဆိုပါ မိုးကြိုးပစ် သေဆုံးမှုအား တနင်္သာရီမြို့မ ရဲစခန်းရုံးမှ သေမှု သေခင်း အမှတ်စဉ် (၇/၂၀၁၇) နဲ့ ဖွင့်ထားကြောင်း သိရပါတယ်။

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013