DVB Logo
Home
မြန်မာသတင်း
စည်းကမ်းကောင်းသည့် အကျဉ်းသား ၁၈၀၀ ကျော် ပြန်လွှတ်ပေး
DVB
·
April 12, 2017
စည်းကမ်းကောင်းသည့် အကျဉ်းသား ၁၈၀၀ ကျော် ပြန်လွှတ်ပေး
Donate to DVB

မြန်မာနိုင်ငံ တ၀န်းလုံးရှိ အကျဉ်းထောင်စခန်းအသီးသီးက စည်းကမ်းကောင်းတဲ့ အကျဉ်းသား ၁၈၈၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘ၀သစ် ပြန်စတင်နိုင်ဖို့ အထူးလျှော့ရက်နဲ့ သင်္ကြန်မတိုင်မီ ပြန်လွှတ်ပေးလိုက်တာလို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေထိုင်တဲ့သူတွေကို စနစ်တကျ စိစစ်ပြီး အထူးလျှော့ရက်နဲ့ ပြန်လွှတ်ပေးတာလို့ ပြောပါတယ်။

“ပြည်ထဲရေးကနေ အထူးစိစစ်ပါတယ်၊ ဆိုလိုတာက ဟိုလိုမျိုး ၀ုန်းဝုန်းသုန်းသုန်း အဲလိုမျိုး လွှတ်တာမဟုတ်ဘဲနဲ့ စနစ်တကျ ကောင်းကောင်းမွန်မွန်နေထိုင်တဲ့သူတွေကို ရွေးချယ်ပြီး လွှတ်တာ၊ အခုဟာက စာထဲမှာဖော်ပြထားတဲ့ သူ့နည်းဥပဒေအရ ရက် ၆၀၊ ၃၀ စသဖြင့် လျှော့ရက် ပေးပိုင်ခွင့်တွေ ရှိတယ်။ အဲဒါတွေ ပေးပြီး လွှတ်တာ ဖြစ်တယ်။”
အကျဉ်းသား ၁၈၈၃ ဦး တိတိကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးက အကျဉ်းသား အများစု ပါဝင်ပါတယ်။

အစိုးရသစ်လက်ထက်မှာ အလားတူ လျှော့ရက်နဲ့ အကျဉ်းသား ၂၂၀၀ ကျော်ကို မနှစ် သင်္ကြန်မတိုင်မီ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013