DVB Logo
Home
မြန်မာသတင်း
မြို့မအပျော်တမ်းတူရိယာအသင်း သက်ကြီးပူဇော်ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
April 12, 2017
မြို့မအပျော်တမ်းတူရိယာအသင်း သက်ကြီးပူဇော်ပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 9
Donate to DVB

တေးဂီတသံစဉ်တွေနဲ့ နှစ်ပေါင်း ၉၀ ကျော် ရပ်တည်နိုင်ခဲ့တဲ့ မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်းမှာ ဒီနေ့သက်ကြီးပူဇော်ပွဲ ကျင်းပပါတယ်။

မြို့မအသင်းကို ၁၉၂၅ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အစဉ်အလာအရ သက်ကြီးပူဇော်ပွဲကို စစ်အတွင်းကာလ အခက်အခဲရှိနေချိန်မှာတောင် ကျင်းပခဲ့တာပါ။

မြို့မအဖွဲ့ဟာ သင်္ကြန်တွင်းမှာတော့ အလှပြယာဉ်ဆင်ပြီး မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့တာတွေ ရှိပါတယ်။

ရွှေမန်းသင်္ကြန်၊ မြို့မအပျော်တမ်းတူရိယာအသင်းနဲ့ ရွှေမန်းတောင်ရိပ်ခို၊ နှစ်ကိုယ်တူချစ်သမျှ၊ တူးပို့ တူးပို့ စတဲ့ ဂန္ထဝင်မြောက် တေးသီချင်းတွေဟာ ခွဲခြားမရတဲ့ အမှတ်သင်္ကေတပုံရိပ်တွေ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - တာရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013