DVB Logo
Home
မြန်မာသတင်း
အမည်အငြင်းပွားနေသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား ဧပြီလကုန်ဖွင့်လှစ်မည်
DVB
·
April 12, 2017
အမည်အငြင်းပွားနေသည့်  ဗိုလ်ချုပ်အောင်ဆန်းတံတား ဧပြီလကုန်ဖွင့်လှစ်မည်
Donate to DVB

သံလွင်တံတား (ချောင်းဆုံ) ကို ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဧပြီ ၁၀ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဆောက်လုပ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတားကို အခုလကုန်ပိုင်းမှာ တံတားရဲ့ ခံနိုင်ဝန်အားကို စမ်းသပ်ပြီးနောက် ဖွင့်လှစ်ပေးမယ်လို့လည်း ပြောပါတယ်။

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးဖို့  ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး  ဒီဆုံးဖြတ်ချက်ကို ဒေသခံလူထု သောင်းနဲ့ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

သံလွင်တံတား (ချောင်းဆုံ) ဟာ ပင်လယ်ဝမှာ ပထမဆုံးတည်ဆောက်တဲ့ တံတားဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုထားတဲ့ တံတားတစင်းဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်ပေးသင့်တယ်လို့ ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်မှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013