DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းနေအိမ် မီးလောင်
DVB
·
April 11, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းနေအိမ်တလုံး ဝါယာရှော့မှတဆင့် မီးလောင်မှု ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်က ပြောပါတယ်။

“ဧပြီ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ကောလင်းမြို့ရဲစခန်းမှ ကွယ်လွန်သူ ရဲတပ်ကြပ်ကြီး မြတ်အောင်ရဲ့ ဇနီး ဒေါ်သန်းရွှေမြနေထိုင်တဲ့ ၄၀x၂၀ ၂ ခန်း ပျဉ်ထောင်သွပ်မိုးနေအိမ်ရှိ လျှပ်စစ်မိန်းခုံမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ ကောလင်းမီးသတ်ဌာနမှသန္ဓေ ၁၈ ဦး အရံမီးသတ် ၄၀ ဦး မီးငြိမ်းသတ်ယာဉ် ၃ စီး ရေသယ်ယာဉ် ၁ စီး ဒေသခံပြည်သူတွေ ရဲတပ်ဖွဲ့ဝင် တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ သိန်းခွဲလောက် မီးလောင်ဆုံးရှုံးခဲ့တယ်”လို့ ကောလင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်က ပြောပါတယ်။

မီးအားပေါ့ဆစွာ အသုံးပြုသူ ဒေါ်သန်းရွှေမြ (၄၀ နှစ်)ကို ကောလင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013