DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ်တွင် ခိုးဝင် ဘင်္ဂါလီ ၂ ဦးဖမ်းဆီးရမိ
DVB
·
April 11, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ ရေနံသာ စုပေါင်း စစ်ဆေးရေးဂိတ်မှာ ဒီနေ့ မနက်က ခိုးဝင်ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

“ခု ဘင်္ဂါလီ နှစ်ဦး ဖမ်းမိထားပြီး ချုပ်ထားပါတယ်။ ခု မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိတဲ့သူတွေ ရောက်ပြီး စစ်ဆေးနေတယ်” လို့ ကုန်းပြင်စခန်းမှူး ရဲအုပ်ကျော်ထွန်းသာက ဒီဗွီဘီကို ပြောပါတယ်။

ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ ဖမ်းဆီးရမိဖို့  ပုသိမ်-မုံ၇ွာလမ်းမှာ ရဲကင်းချပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မဲဇလီကုန်း ရဲတပ်ဖွဲ့စခန်းအပိုင် မကျီးပင်ကွင်းရဲကင်းမှူး တပ်ကြပ်ကြီး စံရင်ကပြောပါတယ်။

“ဆိုင်ကယ်နဲ့ ဖမ်းမိတယ်လို့သိရပြီး ဘယ်လောက်လာမှန်းမသိပါ။ ဒါကြောင့် လွတ်မြောက်နေတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို ဖမ်းဆီးရမိဖို့ ပုသိမ်-မုံရွာ ကားလမ်းမပေါ်က ရဲကင်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ထားတာပါ”လို့ ပြောပါတယ်။

လက်ရှိ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်တွေထဲက မြို့နယ်ကူး ဝင်ပေါက် ထွက်ပေါက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013