DVB Logo
Home
မြန်မာသတင်း
လားရှိုးဆက်ဆံရေးရုံးအား ရိုက်ချိုးဖျက်ဆီးသည့်လုပ်ရပ် ပြန်တောင်းပန်ရန် ဝ တပ်ဖွဲ့တောင်းဆို
DVB
·
April 11, 2017
လားရှိုးဆက်ဆံရေးရုံးအား ရိုက်ချိုးဖျက်ဆီးသည့်လုပ်ရပ် ပြန်တောင်းပန်ရန် ဝ တပ်ဖွဲ့တောင်းဆို
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ၀တပ်ဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို လားရှိုးရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးဒေသ၂ ၀ပြည်နယ်အစိုးရက နိုင်ငံတော်အစိုးရထံ စာပေးပို့ပြီး ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က လားရှိုးမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ၀ ဆက်ဆံရေးရုံးရဲ့ အိမ်တခါးကို ရုံးတာဝန်ခံ မရှိတဲ့အချိန်မှာ အဓမ္မ ရိုက်ချိုးဖျက်ဆီးဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး နှစ်ဖက် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေမယ့် အပြုအမှုတွေ ဆက်မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

“၀ပြည်နယ်အနေဖြင့် လားရှိုးမြို့ရဲတပ်ဖွဲ့အား အငြင်းပွားမှုပို၍ ရှုပ်ထွေးအောင်၊ ကြီးထွားအောင်နှင့် နှစ်ဖက်၏တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အပြုအမူများ ထပ်မံ မပြုလုပ်ရန် နှင့် အပြုသဘောဆောင်သည့်နည်းလမ်းဖြင့် နှစ်ဖက်၏အငြင်းပွားမှုကို ဖြေရှင်းရန် တိုက်တွန်းအပ်ပါ သည်။ ထို့အပြင် လားရှိုးမြို့ရဲတပ်ဖွဲ့အနေဖြင့် ဧပြီ ၈ ရက်နေ့ ၀ ပြည်နယ် လားရှိုး ဆက်ဆံရေးရုံးအား ရိုက်ချိုးဖျက်ဆီးသည့် အပြုအမှုအတွက် တောင်းပန်ရန်နှင့် အငြင်းပွားမှု ကြီးထွားအောင် မချဲ့ကား အောင် ကတိခံဝန်ပြုရမည်။ သို့မဟုတ်ပါက မိမိတို့အနေဖြင့် ဤသို့ ဆိုးဆိုးရွားရွား အဖြစ်အပျက် မျိုးအတွက် လိုအပ်သော မည်သည့်တုံ့ပြန်မှုမျိုးကိုမဆို ပြုလုပ်ပိုင်ခွင့်ရှိပါသည်”လို့ ဧပြီ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၀အဖွဲ့ရဲ့စာမှာဖော်ပြထားပါတယ်။

ဝအဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ခက်ခဲစွာရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို တလျောက်လုံး တန်ဖိုးကြီးကြီးထားပြီး ထိန်းသိမ်းခဲ့တဲ့ အကြောင်းနဲ့ နှစ်ဖက်အကြားဖြစ်ပေါ်ခဲ့တဲ့ ထိတွေ့အငြင်းပွားမှုတွေကို တခုချင်းစီ ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013