DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင်သစ်စက် ၂ လုံးနှင့်အတူ အင်ခွဲသားသစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
April 11, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ တရားမဝင် သစ်စက် ၂ လုံးနဲ့အတူ အင်ခွဲသားသစ်တွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးဦးချစ်လှိုင်က ပြောပါတယ်။

ဧပြီ ၉ ရက် မနက်က ကောလင်းမြို့နယ် သစ်တောဦးစီး ဦးချစ်လှိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကောလင်းမြို့နယ်ထဲမှာ သွားရောကဖမ်းဆီးခဲ့တာပါ။

ကျွန်းတောကြိုးပြင် ကာကွယ်တော ခန့်မှန်းမြေပုံညွှန်း GB-560273 နေရာမှာ တရားမဝင် အင်ခွဲသား ၁၅ ချောင်း၊ ၀ ဒသမ ၂၂၅၀ တန်၊ ဝူလင်း ၂၅ အင်ဂျင် ၁ လုံး၊ ၄ ပေ လွှဝိုင်း ၁ ဝိုင်း၊ အရှည် ၅ ပေ အချင်း ၂ လက်မရှိ ရှပ်တန်း ၁ ချောင်း၊ အချင်း ၂ ပေရှိ ပူလီဘီး ၁ ခုတို့၎င်း၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန် သဖန်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် ၃၈၊ ခန့်မှန်းမြေပုံညွှန်း GB- 542308 နေရာမှာ တရားမဝင် အင်ခွဲသား ၂၀ ချောင်း၊ ၀ ဒသမ ၃၀၀ တန်၊ ဂျင်ဒေါင်း ၂၅ ကောင် အင်ဂျင် ၁ လုံး၊ ၃ ပေ ၆ လက်မရှိ လွှဝိုင်း ၁ ဝိုင်း၊ ၄ ပေ ၆ လက်မရှိ ရှပ်တန်း ၁ ချောင်းနဲ့ အချင်း ၂ ပေရှိ ပူလီဘီး ၁ ခုတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီး ဦးချစ်လှိုင်က ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ပိုင်ရှင်မဲ့ သစ်စက် ၂ လုံးနဲ့ ဆက်စပ်အပစ္စည်းတွေကို ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ရုံးဝင်းအတွင်း သယ်ယူသိမ်းဆည်းပြီး သစ်တောဥပဒေအရ ကောလင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013