DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ပျောက်ဆုံးမှု သမ္မတရုံး တင်ထား
DVB
·
April 11, 2017
မကွေးတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ပျောက်ဆုံးမှု သမ္မတရုံး တင်ထား
1 / 2
Donate to DVB

ယခင်မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ပါဝင်ပတ်သက်နေတဲ့ တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို သမ္မတရုံးထံ တင်ပြထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး သမ္မတရုံးရဲ့ တာဝန်ပေးချက်အရ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဖွံ့ဖြိုးရေးရံပုံငွေကိစ္စကို စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာနဟာ မကွေးတိုင်းစာရင်းစစ်ချုပ်ရုံးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။
စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ပြည်ထောင်စုရှေနေချုပ်ရုံးကနေ ဥပဒေအကြံပြုချက်တွေ တောင်းခံပြီး ရှေ့နေချုပ်ရုံးကပေးတဲ့ ဥပဒေအကြံပေးချက်တွေနဲ့အတူ သမ္မတရုံးကို ပြန်လည် တင်ပြခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေးအတွင်းဝန်က သမ္မတရုံးကို ဘယ်နေ့ဘယ်ရက်က တင်ပြခဲ့တယ်ဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာ မပြောခဲ့ပေမယ့် သမ္မတရုံးက ခုချိန်ထိ တစုံတရာ ညွှန်ကြားလာတာ မရှိသေးဘူး လို့တော့ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးရှိ ရေနံလက်ယက်တွင်းတွေက ကောက်ခံခဲ့တဲ့ ဖွံ့ဖြိုးရေးရံပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံ ပျောက်ဆုံးမှုကို တိုင်းအစိုးရသစ်က ၂၀၁၇ ဇန်နဝါရီအတွင်း တွေ့ရှိခဲ့ပြီး ပြည်ထောင်စု အစိုးရထံ တင်ပြပြီး စစ်ဆေးခဲ့တဲ့အခါ ငွေကျပ် ၇ ဒသမ ၄၅၉၆ ဘီလီယံ ပျောက်ဆုံးနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013