DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံစဉ် မြစ်ဆုံကိစ္စဆွေးနွေး
DVB
·
April 11, 2017
သမ္မတဦးထင်ကျော်နှင့် တရုတ်သမ္မတတို့ တွေ့ဆုံစဉ် မြစ်ဆုံကိစ္စဆွေးနွေး
Donate to DVB

တရုတ်နိုင်ငံကို ၆ ရက်တာ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်ဟာ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် မြစ်ဆုံဆည်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး Liu Zhenmin က "မြစ်ဆုံဆည်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အခြေခံအရေးကြီး သဘောတူညီတဲ့ အနေအထား တခုအထိ ရှိထားပါတယ်။ မြန်မာအစိုးရကနေပြီး မြစ်ဆုံဆည်ကို ရပ်ဆိုင်းခံထားခဲ့တာ အခုဆို ၅ နှစ်ကျော်၊ ၆ နှစ် နီးပါး ရှိသွားပါတယ်။ ဆည်ကိစ္စနဲ့ ပတ်သက်လို့ တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမယ့် နည်းလမ်းနဲ့ ရှေ့ဆက်နိုင်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေမယ့်၊ အထောက်အကူပြုမယ် သဘောတူညီချက်ကို ချမှတ်သင့်ပါတယ်" လို့ ပြောပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ တရုတ် သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဓာတ်ငွေ့ပိုက်လိုင်းအပါအ၀င် သဘောတူညီချက် ၉ ခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013