DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နေ့ ဘောလုံးပွဲ ကျင်းပသူများကို အာဏာပိုင်များ ဖမ်းဆီး
DVB
·
April 10, 2017
ရက္ခိုင့်တပ်မတော်နေ့ ဘောလုံးပွဲ ကျင်းပသူများကို အာဏာပိုင်များ ဖမ်းဆီး
Donate to DVB

 

ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ် ကျင်းပတဲ့ မြောက်ဦးမြို့ မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းကို အာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း၊ အက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး မြောက်ဦး  ရဲစခန်းက ဖမ်းဆီးလိုက်တာပါ။

မြတန်ဆောင်ဆရာတော်နဲ့ ကိုခိုင်နီမင်းကို မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးလိုက်တာ လို့ မြောက်ဦးမြို့ ရဲစခန်း စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

“မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးတာပါ။ အမှုစပြီးတိုင်ချက်ဖွင့်တာကတော့ ခမရ ၅၄၀ ကနေ ဖွင့်တော့ ကျနော်တို့ အမှုဖွင့်ပေးရတာပေါ့။ အဲဒီမှာ စစ်ဆေးချက်နဲ့ တိုင်ချက်အတိုင်း ကျနော်တို့ ဖမ်းဆီးရတာပေါ့။ အခု ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာပါ။”

လတ်တလော အမှုစစ်ဆေးဖို့ စစ်တွေတရားရုံးကို ရောက်ရှိနေတယ်လို့ စစ်တွေမြို့ ရဲစခန်းက စခန်းမှူး ရန်နိုင်လက်က ဒီဗွီဘီကို ပြောပါတယ်။

သင်္ဂါဟကမ်းလက်ရက္ခိတအသင်းဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ကျနော်တို့ စစ်တွေဘက်ကတော့ မဟုတ်ဘူးခင်ဗျ။ မြောက်ဦးရဲစခန်းက အမှုဖွင့်လိုက်တာပါ။ အခု စစ်တွေတရားရုံး ရောက်နေကြတယ်။ ၈ ရက်နေ့ကတည်းက မြောက်ဦးရဲစခန်းကနေ အမှုဖွင့် ထားတယ်။ ဒါပေမယ့် အခုကျင်းပနေတဲ့ ပွဲကို သတ်မှတ်ထားတဲ့နေ့အတိုင်း ဆက်လက်ကျင်းပ သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာပိုင်တွေကတော့ ရက္ခိုင့်တပ်မတော်(အေအေ)အမည်ကို မသုံးစွဲဖို့ ၈ ရက်နေ့ကတည်းက ဆရာတော်နဲ့ ဖိအားပေးသလို့ ကျင်းပဖို့စီစဉ်ထားတဲ့ စိုက်ထူး ရက္ခိုင့်တပ်မတော်ပါစာသားနဲ့ ဗီနှိုင်းတွေ ကို ဖြုတ်သိမ်းခဲ့ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ အပါအဝင် တေးဂီတဖြေဖျော်ပွဲ စာပေဟောပြောပွဲကို ဆရာတော်ကျောင်းဝင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်သင်ပညာရေးကျောင်း(ဘက)မှာ ကျောင်းသူကျောင်း ၂၀၀ လောက် ပညာသင်ယူနေကြပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013