DVB Logo
Home
မြန်မာသတင်း
နွား​မှောင်​ခိုအဖွဲ့ထံက နွားအ​ကောင်​​ရေ ၇၀ ကျော်ကို ​ရေပူဂိတ်​၌ဖမ်းမိ
DVB
·
April 10, 2017
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုး - သိန္နီ လမ်းပိုင်းပေါ်ရှိ ရေပူစစ်ဆေးရေးစခန်းနဲ့ ၃ မိုင်ကွာဝေးတဲ့ ရေပူဂိတ်ရှောင်လမ်းမှာ နွားမှောင်ခိုအဖွဲ့ထံက နွားအကောင်ရေ ၇၄ ကောင် ဖမ်းဆီးရမိခဲ့ပါတယ်။

အကောက်ခွန် ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “၇ ရက်နေ့က ညနေ ၅ နာရီ ထွက်လာမယ်လို့ ကိုယ့်တို့ သတင်းပေးကွန်ရက်က သတင်းပေးလာတယ်။ ကြားထားတာက သူတို့အဖွဲ့က ၃ ညအိပ်ခရီးစဉ်လို့ ကြားတယ်။ တောလမ်းအတိုင်း လာကြတယ်။ ဒီနေ့တော့ ဒီနေရာနဲ့ ၃ မိုင်ဝေးတဲ့ သူတို့နေတဲ့နေရာ သတင်းရတော့ အကောက်ခွန် အရာထမ်း ၆ ယောက်။ ပိန်းဆာပြည်သူ့စစ် ၆ ယောက် ပေါင်းပြီးတော့ နေ့လယ် ၁၂ နာရီမှာ ဖမ်းတယ်” လို့ပြောပါတယ်။

နွားမှောင်ခိုကူးသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း အကောက်ခွန် ဌာန တာဝန်ရှိသူက ဆက်ပြီးပြောပါတယ်။

“၃ ညအိပ်ခရီးစဉ်ဆိုတော့ နွားသူဌေးတော့ မပါလောက်ဘူး။ နွားကျောင်းတဲ့ ကောင်တွေနဲ့တော့ ထိပ်တိုက်တွေ့တယ်။ ကိုယ်တို့ ဖမ်းမယ်ဆိုတာ သိလို့ အိုးခွက်ပန်းကန်တွေ ထားပြီးတော့ ပြေးတာပဲ။ သူတို့ အတွေ့အကြုံရှိတဲ့ကောင်တွေ ဖြစ်မယ်ထင်တယ်။ အယောက် ၂၀ လောက်တော့ ရှိတယ်။ သူတို့မှာလည်း တုတ်တွေ၊ ဓားတွေ ပါလောက်တယ်။ ဒီမှာလည်း ပြည်သူ့စစ် ပါတယ်ဆိုတော့ ထိခိုက်မှုဖြစ်မှာစိုးလို့ နွားတွေပဲ ဖမ်းလာတယ်။”

မှောင်ခိုအဖွဲ့လမ်းကြောင်းအရ လားရှိုး-တန့်ယန်းကြားရှိ နမ့်ပေါင် နွားလုပ်ငန်းလုပ်တဲ့အဖွဲ့က ဖြစ်နိုင်တယ်လို့ လို့လည်းဆိုပါတယ်။

ဒီကိစ္စ သိန္နီရဲစခန်းမှာ အမှုဖွင့်ဖို့ရှိပြီး  ဖမ်းမိတဲ့ နွားတွေကိုတော့ သိန္နီစည်ပင်မှာ အပ်နှံကာ လေလံတင်မယ်လို့ သိရပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013