DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ကိုးကန့်တိုက်ပွဲကြား ပျောက်ဆုံး ပလောင်ရွာသား ၇ ဦးအလောင်းများ ပြန်လည်တွေ့ရှိ
DVB
·
April 10, 2017
ကိုးကန့်တိုက်ပွဲကြား ပျောက်ဆုံး ပလောင်ရွာသား ၇ ဦးအလောင်းများ ပြန်လည်တွေ့ရှိ
Donate to DVB

 

ပြီးခဲ့တဲ့ မတ်လက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရာက  နေအိမ်ကို ပြန်လာကြတဲ့ ပလောင် ရွာသားတွေပျောက် ဆုံးသွားခဲ့ပြီး ၇ ဦးရဲ့ အလောင်းကို ပြန်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပျောက်ဆုံး ပလောင် ရွာသား ၉ ဦးထဲက ၇ ဦးရဲ့ အလောင်းကို ပြန်လည် တူးဖော်တွေ့ရှိတယ်လို့ ဒေသခံ မန်ပိန်းရွာ ဒေသခံတဦးက “ကျနော်တို့ရွာက တိုက်ပွဲစဖြစ်တဲ့နေရာနဲ့ တအားနီးတယ်။ ပြီးတော့ တိုက်ပွဲလည်း ပြင်းတယ်။ အဲကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ တပတ်ကြာလည် တိုက်ပွဲက မငြိမ်တော့ အိမ်ကို စိတ်ပူတာပေါ့။ အဲဒါနဲ့ ယောက်ကျား ၉ ယောက်က ရွာရဲ့ အခြေအနေကို ပြန်ကြည့်တယ်။ အဲဒီတော့ တော်တော်ကြာပြီ ပြန်မလာကြဘူး။ ပျောက်နေတာကြာတော့ ဒီနေ့ တိုက်ပွဲပြန်ငြိမ်တော့ ကျနော်တို့လည်း အိမ်ကို သတိရလို့ ဖြတ်လမ်းကနေ ပြန်လာကြတယ်။ လာရင်းနဲ့ ပျောက်တဲ့လူတွေကိုလည်း လိုက်ရှာကြတယ်။ ရွာအနီးနားရောက်တော့ မြေမြုပ်ထားတဲ့ လူအလောင်းတွေကို တွေ့တော့ မြေတူးပြီး ကြည့်တော့ အဲဒီပျောက်တဲ့ ၉ ယောက်ထဲက ၇ ယောက် ဖြစ်နေတယ်”လို့ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ ရန်လုံကျိုင်နဲ့ လောက်ကိုင် မြို့ဝင်ဂိတ်နားလေးမှာ တိုက်ပွားပြင်းထန်စွာ စတင်ဖြစ်ပွားခဲ့ပြီးတော့ အဲနေရာနဲ့ ၃ ဖာလုံအကျော်နားမှာ ရှိတဲ့ ပျောက်ဆုံးသွားတဲ့ ရွာသား ပလောင်လူမျိုး ၉ ဦးရဲ့ မန်ပိန်း(ပလောင်ရွာ)ရွာ အပါအဝင် ဒေသခံအများအပြား တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

တရုတ်ပြည်ဘက်ကို ပြန်လည် ရောက်ရှိသွားတဲ့ မန်ပိန်းဒေသခံ တဦးက "အဲဒါပြီးတော့ သေသွားတဲ့ တရုတ်ပြည်ကို ထွက်ပြေးနေတဲ့ မိသားစုဝင်တွေကို ပြန်ခေါ်ပြီးတော့ မီးရှို့ သဂြုင်္ိဟ်လိုက်တယ်။ ကျန်တဲ့ ၂ ယောက်တော့ ပျောက်နေတုန်းပဲ။ ဘယ်သူ ခေါ်သွားပြီး ဘယ်ရောက်နေလဲ မသိသေးဘူး။ ၉ ယောက်လုံး ယောက်ကျားတွေပဲ။ အလောင်း တွေ့တာက နေ့လယ် ၁၂ နာရီကျော်ပေါ့။ ဘယ်သူ သတ်တာလဲ ဆိုတာတော့ မပြောနိုင် ဘူးလေ။ ရန်ငြိုးကြောင်းလား၊ သူခိုး ဓားပြလား မသိဘူး။ ကျနော်တို့လည်း စိတ်ပူတယ်လေ။ အိမ်မှာ မွေးထားတဲ့ ဝက်တွေ၊ ကြက်တွေ ပြီးတော့ အိမ်တွေ ဘယ်လိုရှိလဲဆိုပြီး ပြန်လာကြည့်တာ။ တရုတ်ပြည်ဘက်မှာတော့ ကျနော်တို့ ဒုက္ခသည်စခန်းမှာ နေပါတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက် မနက်က MNDAA လက်နက်ကိုင်အဖွဲ့က လောက်ကိုင်မြို့တွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် ယာဉ်ထိန်း ရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးပြီး ရဲစခန်း၊ ဟိုတယ်၊ လူနေအိမ်နဲ့ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

သတင်း - နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013