DVB Logo
Home
မြန်မာသတင်း
တညင်းကုန်း ကုန်စိမ်းဈေးကို မေလတွင်ပြောင်းရွှေ့မည်
DVB
·
April 10, 2017
တညင်းကုန်း ကုန်စိမ်းဈေးကို မေလတွင်ပြောင်းရွှေ့မည်
1 / 4
Donate to DVB

 

ရန်ကုန် အင်းစိန်မြို့နယ်မှာရှိတဲ့  တညင်းကုန်း ကုန်စိမ်းဈေးက ဈေးသည်တွေကို မေလ ဒုတိယပတ်မှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေးသစ်ကြီးကို ရွှေ့ပြောင်း နေရာချပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာက ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက်နေ့က တညင်းကုန်း ကုန်စိမ်းဈေးကပ်ရက်မှာ တည်ဆောက်နေတဲ့ ဈေးသစ်ကြီးမှာ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံပြီး အခုလိုပြောဆိုသွားတာပါ။

စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ ဒု-ဌာနမှူးဦးသောင်းတင်က “ဈေးသစ်ကြီးက အနည်းဆုံး ဆိုင်ခန်း ၆၀၀၀ ကျော် နေရာချလို့ ရတယ်။ ဈေးဟောင်းက ဆိုင်ခန်း၊ ဈေးသည် ၂၀၀၀ ဝန်းကျင်ပဲ ရှိတဲ့အတွက် နေရာမရမှာ ပူစရာမလိုပါဘူး။ ပျံကျတွေလည်း အားလုံး နေရာရမှာပါ။ ဆိုင်ခန်းတွေက အများကြီးကျန်မှာ ဖြစ်တဲ့အတွက် တခြားဈေးတွေက ရောင်းချလိုသူတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဈေးဟောင်းကို နေရာချပြီးရင် တခြားက ရောင်းလိုသူတွေကို ထပ်ခွင့်ပြုပေးမှာပါ”လို့ ပြောပါတယ်။

ပျံကျဈေးသည်တွေကို ၅ ပေပတ်လည် နေရာတွေမှာ နေရာချပေးမှာဖြစ်ပြီး ဆိုင်ပိုင်ရှင်တွေကို ၅ ပေ ၁၁ ပေ နေရာတွေမှာ ချပေးမယ်လို့လည်းသိရပါတယ်။

ဆိုင်ခန်းငှားရမ်းခတွေကို မထုတ်ပြန်သေးဘဲ ဧပြီလ နောက်ဆုံးပတ်မှ ထုတ်ပြန်သွားမယ်လို့ စည်ပင်သာယာဌာန တာဝန်ရှိသူကပြောပါတယ်။

သတင်း၊ ဓာတ်ပုံ- အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013