DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံက မြန်မာရိုးရာ သင်္ကြန်ပွဲတော် (ရုပ်သံ)
DVB
·
April 9, 2017
ဂျပန်နိုင်ငံက မြန်မာရိုးရာ သင်္ကြန်ပွဲတော် (ရုပ်သံ)
1 / 10
Donate to DVB


by dvburma
ဂျပန်နိုင်ငံ တိုကျို နခနော့မြို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီး မြန်မာရိုးရာသင်္ကြန်ပွဲတော်ကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ကြပြီး တိုကျို အနီးတ၀ိုက်က မြန်မာတွေ လာရောက်ဆင်နွှဲခဲ့ကြပါတယ်။

အကြောင်းအမျိုးကြောင့် သင်္ကြန်တွင်း မြန်မာပြည်မပြန်နိုင်သူတွေအတွက် အခုလို မြန်မာ့ရိုးရာသင်္ကြန်အငွေ့အသက်တွေကို ရရှိစေလို့ အားလုံးပူးပေါင်းဆောင်ရွက်တာလို့ နခနော့မြန်မာသင်္ကြန် ပွဲတော်စီစဉ်ရာမှာ ပါဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင် မဟန်နီထွန်းက ဒီဗွီဘီကို ပြောပြပါတယ်။

ပွဲတော်အတွင်း ဂျပန်နိုင်ငံကိုခေတ္တရောက်ရှိနေတဲ့ အကယ်ဒမီစန္ဒယား တင်ဝင်းလှိုင်၊ ဆိုင်းရွှေတံဆိပ်ဆုရှင် ဗိုလ်သူရိန်၊ (ပန်တျာ) သန်းဇော်၊ ဂျပန်မော်ဒယ်နှင့်ရုပ်ရှင်မင်းသမီး အယ်မရီ၊ ဂျပန်အဆိုတော် ဆုဝါဂျွန်ကိုတို့က မြန်မာ့ရိုးရာသင်္ကြန် အက၊ သံချပ်၊ အငြိမ့်တွေနဲ့တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။

ချီးဘာခရိုင်မှ လာရောက်ဆင်နွှဲခဲ့သူ အလုပ်သင်လုပ်သား မြန်မာလူငယ်တဦးက အခုလို စီစဉ်ပေးလို့ အပြည်အ၀မဟုတ်ပေမယ့် အတိုင်းအတာတခုတော့ သင်္ကြန်အလွမ်းပြေလို့ စီစဉ်သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013