DVB Logo
Home
မြန်မာသတင်း
ပုဇွန်တောင်တွင် စိတ်ဖောက်ပြန်နေသည့် အမျိုးသမီး တိုက်ပေါ်က ခုန်ချ၊ ရဲက ကူညီကယ်ဆယ်
DVB
·
April 9, 2017
ပုဇွန်တောင်တွင် စိတ်ဖောက်ပြန်နေသည့် အမျိုးသမီး တိုက်ပေါ်က ခုန်ချ၊ ရဲက ကူညီကယ်ဆယ်
Donate to DVB

ပုဇွန်တောင်မြို့နယ်မှာ စိတ်ဖောက်ပြန်နေတဲ့ အမျိုးသမီးတဦး တိုက်ပေါ်မှ ခုန်ချခဲ့တာကို ရဲတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။

ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းရှိ တိုက်ခန်းရဲ့ ဒုတိယထပ်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးဟာ မနေ့ညက ဓားအတို ၁ လက်ကိုင်ပြီး တိုက်နောက်ဘက်ပြူတင်းပေါက်ကနေ စိတ်ဖောက်ပြန်ကာ ခုန်ချခဲ့တာကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။

သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာ မနွယ်နီဝင်း ၂၃ နှစ်ဟာ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်နေတာကို တွေ့ရလို့ ရဲတပ်ဖွဲ့ဝင်တွေက မွေ့ယာနဲ့ ဖော့တုံးတွေ ခင်းကျင်းပြင်ဆင်ပြီး စောင်အစွန်းတွေကို ကိုင်ဆောင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီးဟာ ၈ နာရီ ခွဲ လောက်မှာ တိုက်ပေါ်က ခုန်ချခဲ့တာပါ။

ထိုအမျိုးသမီးမှာ တိုက်ပေါ်က ခုန်ချခဲ့ပေမယ့် ဒဏ်ရာတစုံတရာ မရရှိဘဲ အမျိုးသမီးကို ဆေးကုသနိုင်ဖို့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013