DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် အန်အယ်လ်ဒီ ရပ်ကျေးရုံးခန်းဖွင့်ပွဲ တားမြစ်ခံရ
DVB
·
April 9, 2017
ကော့သောင်းတွင် အန်အယ်လ်ဒီ ရပ်ကျေးရုံးခန်းဖွင့်ပွဲ တားမြစ်ခံရ
1 / 7
Donate to DVB

ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးရုံးခန်းဖွင့်ပွဲကို တပ်မတော် ဒုဗိုလ်မှူးကြီးတဦးက လာရောက်တားမြစ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုစိန်နိုင်က ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်းနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဇာဒက်ကြီးကျေးရွာ နေ ဒေါ်တင်တင်ရီနေအိမ်မှာ ရပ်/ကျေးရုံးခန်းဖွင့်လှစ်စဉ် တားမြစ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ပါတီ ရပ်/ကျေးရုံးခန်း ဖွင့်လှစ်ဖို့ အလံတင်နေစဉ် ဇာဒက်ကြီးကျွန်းရေတပ်စခန်းစခန်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က လာရောက်တားမြစ်တာလို့ ကိုစိန်နိုင်က ပြောပါတယ်။

ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က    စစ်တပ်နယ်မြေဖြစ်တာကြောင့် ဘယ်ပါတီမှ ရုံးခန်းဖွင့်လှစ်ခွင့်မရှိဘူးဆိုပြီး လာရောက်တာမြစ်ခဲ့ကြောင်းပြောပါတယ်။

ကော့သောင်းမြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးသက်နိုင်က မဲဆန္ဒနယ်ဖြစ်လို့ ပါတီတစ်ရပ်အနေနဲ့ ရုံးခန်းဖွင့်ခွင့်ရှိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီး လာဖွင့်တာဖြစ်ကြောင်း ပြောကြားရာမှာ ဒုဗိုလ်မှူးကြီးကျော်စိုးလွင်က ဒီရွာက စစ်တပ်မြေထဲမှာရှိတာကြောင့် ကော်မရှင်ကိုစာတင်လည်း တပ်က ခွင့်မပြုရင် ဖွင့်မရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013